လွတ်မြောက်နယ်မြေရောက်နေချိန်မှာ ပြောင်းလဲသွားတဲ့သူ့ရဲ့ရုပ်ရည်ကို အရင်ကဓာတ်ပုံနဲ့ ယှဉ်ပြပြီး အရှိတိုင်းချပြလာခဲ့တဲ့ ဒါရိုက်တာကိုပေါက်

//s9.kh1.co/da/dac66e014736bcbbd3107aa7fcc166e4d7192b8b.jpeg
အနုပညာရှင်များ

 ၁၈-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

လွတ်မြောက်နယ်မြေရောက်နေချိန်မှာ ပြောင်းလဲသွားတဲ့သူ့ရဲ့ရုပ်ရည်ကို အရင်ကဓာတ်ပုံနဲ့ ယှဉ်ပြပြီး အရှိတိုင်းချပြလာခဲ့တဲ့ ဒါရိုက်တာကိုပေါက်

ဒါရိုက်တာကိုပေါက်ကတော့ အနုပညာနယ်ပယ်မှာ အတိုင်းအတာတစ်ခုထိ အောင်မြင်နေပေမယ့် ယခုအချိန်မှာတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတာပဲဖြစ်ပါတယ်။ကိုပေါက်က လွတ်မြောက်နယ်မြေမှာ ဆုံတွေ့ရတဲ့ရဲဘော်တွေနဲ့အတူ စည်းစည်းလုံးလုံးနေထိုင်ပြီး လိုအပ်တာတွေကို ကူညီပေးနေတာဖြစ်ပါတယ်။စွန့်လွှတ်စွန့်စားရဲတဲ့ ကိုပေါက်ရဲ့စိတ်ဓာတ်ကို ပြည်သူတွေကလည်း လေးစားနေကြတာဖြစ်ပါတယ်။

Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc

ကိုပေါက်ကတော့ လွတ်မြောက်နယ်မြေရောက်နေချိန်မှာလည်း အခွင့်အရေးမယူဘဲ အများနည်းတူနေထိုင်နေတာပဲဖြစ်ပါတယ်။ဒါ့အပြင် စားသောက်ရေးအတွက်ပါ ကိုယ်တိုင်ချက်ပြုတ်ပေးတာဖြစ်ပါတယ်။ကိုပေါက်တို့အဖွဲ့သားတွေက ဘယ်နေရာမှာမဆို အလှူအတန်းရက်ရောတာဖြစ်လို့ လွတ်မြောက်နယ်မြေက တိုင်းရင်းသားလူမျိုးတွေနဲ့ကလေးငယ်တွေအတွက် အဝတ်အထည်တွေ၊မုန့်တွေကို တတပ်တအားလှူဒါန်းနေတာပဲဖြစ်ပါတယ်။

Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc

ဒီနေ့မှာဆိုရင် ကိုပေါက်က အာဏာမသိမ်းခင် (၃)လအလိုက ဓာတ်ပုံနဲ့ အာဏာသိမ်းပြီး (၇)လအကြာက ဓာတ်ပုံကိုယှဉ်ပြလိုက်တာပဲဖြစ်ပါတယ်။သူကတော့ "ဘဝဆိုတာနေတတ်ရင်ကျေနပ်စရာပါ "လို့ တစ်သက်လုံး လက်ကိုင်စွဲခဲ့တဲ့ ဂျင်းခံယူချက်တွေနဲ့ (၄၆)နှစ်တိုင်တိုင် ပိုက်ဘောမိခဲ့တဲ့ ကျွန်တော် အခုကျေနပ်လို့ တောခိုခဲ့တာတော့မဟုတ်ဘူးနော်" ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။တောထဲရောက်နေချိန်မှာ ပြောင်းလဲသွားတဲ့ သူ့ရဲ့ရုပ်ရည်ကိုချပြလိုက်တာဖြစ်လို့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc

Source&Photo Credit:Aung Min Naing’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T