Ador CEO Min Hee Jin နှင့် New Jeans တို့ကိုဂုဏ်ပြုစကားပြောခဲ့တဲ့ S.E.S အဖွဲ့ဝင်မင်းသမီး Eugene

//s9.kh1.co/0a/0a096c8e3c669f799264054109987c3b7bd5a754.jpg
အနုပညာရှင်များ

 ၀၄-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

Ador CEO Min Hee Jin နှင့် New Jeans တို့ကိုဂုဏ်ပြုစကားပြောခဲ့တဲ့ S.E.S အဖွဲ့ဝင်မင်းသမီး Eugene

ကေပေါ့အိုင်ဒေါဟောင်းတစ်ဦးဖြစ်ခဲ့ပြီးတော့ လက်ရှိအချိန်မှာမင်းသမီးတစ်ယောက်ဖြစ်နေတဲ့ Eugene ဟာ HYBE နှင့်တရားရင်ဆိုင်နေတဲ့ မင်ဟီဂျင်နှင့် New Jeans ကိုအနိုင်ရမှုအတွက်ဂုဏ်ပြုကြောင်းပြောခဲ့တာဖြစ်ပါတယ်။ တရားရင်ဆိုင်မှုမှာအနိုင်ရခဲ့တာကြောင့် မင်ဟီးဂျင်ဟာ ကုမ္မဏီကနေအလုပ်ထုတ်ခံရတာမျိုးမရှိဘဲ New Jeans ရဲ့ အုပ်ထိန်းသူအဖြစ်ဆက်လုပ်သွားမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=489,h=489,q=100/6d/6d2ebd672100cf3a433801490af63f08ccd6cd58.jpg

မင်းသမီး Eugene ကသူ့အနေနှင့် New Jeans ရဲ့ပရိတ်သတ်ဖြစ်တာကြောင့်အခုလိုလက်တွဲမဖြုတ်တာကိုဝမ်းသာမိကြောင်းပြောထားတာဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးဟာအဖွဲ့သက်တမ်းဆယ်နှစ်ပြည့်အယ်လ်ဘမ်တုန်းက မင်းဟီဂျင်နှင့်အတူလက်တွဲလုပ်ဖူးတာကြောင့် သူ့ရဲ့အရည်အချင်းနှင့်အတွေးအမြင်ကောင်းမှုတွေကိုပါစာထဲမှာချီးကျုးထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/02/024ddcdae90aae9195cae5e2a38446177c5f25e0.jpg

သူမအနေနှင့် သဘောကျမိတဲ့ New Jeans အဖွဲ့ရဲ့အရည်အချင်းနှင့် မင်းဟီးဂျင်ရဲ့အရည်အချင်းပေါင်းစပ်မှုဟာကောင်းမွန်လွန်းကြောင်း ပြောခဲ့ပါသေးတယ်။ အခုလိုမျိုးအတူဆက်ရှိခွင့်ရတဲ့အတွက် ပရိတ်သတ်တစ်ယောက်အနေနှင့် ဝမ်းသာမိသလိုဆက်ပြီးသီချင်းကောင်းတွေဖန်တီးပေးဖို့ပါ ပြောထားတာဖြစ်ပါတယ်။ New Jeans ဟာလက်ရှိအချိန်မှာအယ်လ်ဘမ်အသစ်ထွက်ထားပြီးတော့ မကြာခင်မှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကျင်းပသွားဖို့ရည်မှန်းနေပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T