လေဆိပ်အတွင်းမှာ ပရိတ်သတ်တွေအများကြီးကြိုဆိုတာကိုခံခဲ့ရတဲ့ Rookie အဖွဲ့ BabyMonsters

//s9.kh1.co/55/55dd7fcf94640b1025a9a3c2febc06f4250f371c.jpg
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၃ လ က

လေဆိပ်အတွင်းမှာ ပရိတ်သတ်တွေအများကြီးကြိုဆိုတာကိုခံခဲ့ရတဲ့ Rookie အဖွဲ့ BabyMonsters

Baby Monsters အဖွဲ့ဟာ မကြာသေးခင်ကမှ YG ကနေပွဲဦးထွက်လာတဲ့အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင် ၇ ယောက်ပါဝင်ပြီးတော့ အယောက်ချင်းစီတိုင်းက အရည်အသွေးပြည့်ဝလွန်းတဲ့ဒီအဖွဲ့ဟာ ပွဲဦးမထွက်ခင်ကတည်းကနာမည်ကြီးလူကြိုက်များနေတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/06/066cb59abdf2b6b8689116a72b2f3743a42370ff.jpg

ဂျပန်နိုင်ငံမှာကျင်းပမယ့် ပထမဆုံးပရိတ်သတ်တွေ့ဆုံမှုအတွက် လေဆိပ်ဆင်းလာတဲ့ Baby MOnster ဟာ လေဆိပ်မှာမယုံကြည်စရာကောင်းလောက်အောင် လူအုပ်ကြီးကကြိုဆိုခဲ့တာဖြစ်ပါတယ်။ ပွဲဦးထွက်သက်တမ်းသိပ်မကြာသေးပေမဲ့ မီဒီယာနှင့်ပရိတ်သတ်တွေအများကြီးဟာ သူတို့ကိုစောင့်နေခဲ့တာပါ။

https://s9.kh1.co/__image/w=564,h=564,q=100/c7/c7d028391685118d019fba9ab0dd7b57756224a2.jpg

ဒီလူအုပ်ကြီးကိုကြည့်ပြီးတော့ ဟာဘယ်လောက်အထိနာမည်ကြီးပြီးပရိတ်သတ်များနေတယ်ဆိုတာကို သိနိုင်ပါတယ်။ လာစောင့်နေတဲ့သူတွေများလွန်းတာကြောင့် အဖွဲ့ဝင်တွေဟာရှေ့ကိုဆက်သွားဖို့တောင်တော်တော်လေးခက်ခဲခဲ့ပြီးတော့ သက်တော်စောင့်တွေနှင့်လုံခြုံရေးအများကြီးက သေချာတားပေးခဲ့ရတာဖြစ်ပါတယ်။ Baby Monster ဟာဂျပန်ပရိတ်သတ်တွေ့ဆုံပွဲမှာ သူတို့ရဲ့သီချင်းတွေအပြင် YG စီနီယာတွေရဲ့သီချင်းတွေကိုပါ Cover ဆိုသွားကြအုံးမှာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T