ထိုင်းနိုင်ငံရဲ့လိင်ပြောင်းမိန်းကလေးသုံးယောက်ကို MV ထဲထည့်သွင်းရိုက်ကူးခဲ့တဲ့ Lisa

//s9.kh1.co/62/62e86b8d8b878c2ed77d211b78699575fedef7dd.jpg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော ၄ ရက် က

ထိုင်းနိုင်ငံရဲ့လိင်ပြောင်းမိန်းကလေးသုံးယောက်ကို MV ထဲထည့်သွင်းရိုက်ကူးခဲ့တဲ့ Lisa

Lisa ရဲ့ တစ်ကိုယ်တော်သီချင်းဖြစ်တဲ့ Rockstar MV ဟာမထွက်ရှိခင်ကတည်းက အကြိုပုံတွေနှင်တင်ပရိတ်သတ်တွေအများကြီးကိုစိတ်ဝင်စားစေခဲ့တာပါ။ ထွက်လာပြီးနောက်ပိုင်းမှာလည်း ရိုက်ကူးရေးနှင့်ပတ်သက်တဲ့အကြောင်းအရာတွေ ပါဝင်တဲ့သူတွေအကြောင်းဟာလူတိုင်းစိတ်ဝင်စားစရာသတင်းတွေဖြစ်ခဲ့ပါတယ်။အထူးသဖြင့် လိင်ပြောင်းမိန်းကလေးသုံးယောက်ပါဝင်မှုဟာ အတော်လေးကိုလူပြောများနေပြီးစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=806,q=100/4b/4b86f99944a0d05459ea390b9d9f6fcb9ed57c91.jpg

Bruce Kachi-Sarah ကတော့ မကြာသေးခင်ကကျင်းပခဲ့တဲ့ လိင်ပြောင်းမိန်းကလေးအလှမယ်ပြိုင်ပွဲမှာ ဒုတိယနေရာရခဲ့တဲ့သူဖြစ်ပါတယ်။ သူဟာ လိင်ပြောင်းမိန်းကလေးတစ်ဦးဖြစ်တဲ့အပြင်လှပပြီးဆွဲဆောင်မှုရှိလွန်းတာကြောင့်နာမည်ကြီးပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ Aeffy ကတော့ အနုပညာရှင်တစ်ဦးဖြစ်ပြီးတော့ နာမည်ကြီးကုမ္မဏီဖြစ်တဲ့ လိုမျိုးတွေနှင့်လက်တွဲနေတဲ့သူပါ။

https://s9.kh1.co/__image/w=650,h=813,q=100/f7/f710a4554e1cb1dab5cca2c665e0e8ba1d81eb04.webp

 နောက်ဆုံးတစ်ယောက်ဖြစ်သူကတော့ Chinni  ဖြစ်ပြီးတော့ သူမဟာလည်း ထိုင်းနိုင်ငံအတွင်းက လိင်ပြောင်းမိန်းကလေးတွေဘယ်လိုနေထိုင်နေကြတယ်ဆိုတာကို Vlog တွေရိုက်ကူးနေတဲ့သူဖြစ်ပါတယ်။ လီဆာဟာသူ့ရဲ့ MV မှာအခုလိုမျိုး လိင်ပြောင်းအလှမယ်တွေကိုထည့်သွင်းလာတာဟာ ထိုင်းနိုင်ငံရဲ့ LGBT Community ကိုအများကြီးတန်ဖိုးထားရာရောက်တယ်ဆိုပြီးချီးကျုးနေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/0e/0e49d48b2391820cedffe9b6ad0de6d374916219.webp
https://s9.kh1.co/__image/w=650,h=813,q=100/7b/7b42d00fe6c665f4219b4358f9a107e70e264efd.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T