Running Man ဟာ တောင်ကိုးရီးယားရသစုံရှိုးလောကမှာ နာမည်ကြီးလူကြိုက်များတဲ့ရှိုးတစ်ခုဖြစ်ပါတယ်။ အစောပိုင်းကာလတွေတုန်းက ကြည့်ရှုနှုန်းး ၂၀ ကျော်အထိတွေပါရှိခဲ့တဲ့ ဒီရှိုးဟာ နောက်ပိုင်းမှာတော့အဖွဲ့ဝင်အပြောင်းအလဲတွေနှင့် တစ်ခြားအကြောင်းအရာတွေကြောင့် ကြည့်ရှုနှုန်းဟာ ၄ ရာခိုင်နှုန်းလောက်ပဲရှိတော့တာဖြစ်ပါတယ်။

လတ်တလော Lovely Runner ဒရာမာနှင့်နာမည်ကြီးနေတဲ့ မင်းသားဗြောင်ဝူဆော့ ပါဝင်တဲ့အပိုင်းဟာ ကြည့်ရှုနှုန်း ၀.၈ ရာခိုင်နှုန်းတောင်တိုးသွားခဲ့ပါတယ်။ ဗြောင်ဝူဆော့ဟာ ဒီရှိုးကိုအရင်ကတည်းတစ်ခါလာခဲ့ဖူးပါသေးတယ်။ သူငယ်ချင်းဖြစ်တဲ့မော်ဒယ် ဂျိုဝူဂျယ်နှင့်အတူလာခဲ့တာပါ။

မင်းသားဗြောင်ဝူဆော့ဟာ Lovely Runner ဒရာမာနှင့်တောက်လျှောက်နာမည်ကြီးနေပြီးတော့ ရသစုံရှိုးတော်တော်များများကိုလည်း သွားနေတာဖြစ်ပါတယ်။ မကြာသေးခင်မှာလည်း ဒရာမာထဲက တွဲဖက်မင်းသမီး ကင်ဟေးယွန်းနှင့်အတူ Salon Drip ဆိုတဲ့ Talk Show တစ်ခုကိုသွားအုံးမှာဖြစ်ပါတယ်။






 Bong I.T
 Bong I.T