Pirates of the Carribean ဇာတ်ကားထဲက Accessory နဲ့ ပွဲတက်လာခဲ့တဲ့ Johnny Depp ရဲ့ ပုံရိပ်များ

//s9.kh1.co/36/36ab34c4481b505c84036cc82b97cd9648ca7322.jpg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဘယ်လို Accessory နဲ့ ပွဲတက်လာခဲ့လဲဆိုတာကတော့..... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

Johnny Depp လို့ပြောလိုက်တာနဲ့ ယောကျာ်းမိန်းမ မကျန် ချစ်ခင်မြတ်နိုးကြတဲ့ Hollywood သရုပ်ဆောင်မင်းသားတစ်ယောက်ဆိုတာ အားလုံးက သိကြပါတယ်။သူဟာ Pirates of the Carribean ,Chocolate Factory , Alice in Wonderland , Fantastic Beats အစရှိတဲ့ အောင်မြင်ကျော်ကြားတဲ့ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ့ အမျိုးသမီးဟောင်း Amber Heard ဟာ Johnny Depp ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ရာမှ သူဟာ Hollywood လောကရဲ့ Boycott လုပ်ခြင်းကို အပြင်းအထန် ခံခဲ့ရပါတယ်။ဒါပေမယ့် သူ့ရဲ့ အမျိုးသမီးဟောင်း Amber ရဲ့ တရားစွဲဆိုချက်ဟာ မမှန်ကန်ခဲ့တာကြောင့် ယခုဆိုရင် သူဟာ အပြစ်ကင်းလွတ်ကြောင်း သက်သေပြနိုင်ခဲ့တဲ့အပြင် Amber Heard ဟာလည်း အများဆုံးထောင်ဒဏ်(၃)နှစ်ထိကျခံရမယ်လို့ စီရင်ချက်ချခံခဲ့ရပါတယ်။Johnny Depp ရဲ့ ပရိတ်သတ်တွေကတော့ သူတို့ Idol ကို အရမ်းဂရုဏာသက်ဝင်ခဲ့ကြပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

Johnny Depp ဟာ သူ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေတိုင်းအပေါ်မှာ သေချာအလေးအနက် တန်ဖိုးထား သရုပ်ဆောင်ခဲ့သူတစ်ဦးပါ။ယခုတလော Met Gala ပွဲ ခေတ်စားနေတဲ့ အချိန်မှာ ပရိတ်သတ်တွေက Johnny Depp ရဲ့ 2014 Met Gala ပွဲတက် ဖက်ရှင်ကို ပြန်လွမ်းဆွတ်တဲ့ အနေနဲ့ သူ့ ပုံတွေ ပြန်တင်ပြီး သတိရကြောင်း ဖော်ပြနေကြတာပဲဖြစ်ပါတယ်။2014 ရဲ့ Met Gala ပွဲမှာဆိုရင် သူ့ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားဖြစ်တဲ့ Pirates of the Carribean ထဲက ရွှေဒင်္ဂါးပြားလေးကို သူ့ရဲ့ Fashion နဲ့ အတူတွဲဖက်ဝတ်ဆင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်းကြည့်ရှုခံစားနိုင်အောင် ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T