ဖက်ရှင်လောကရဲ့အကြီးဆုံးပွဲဖြစ်တဲ့ Met Gala ပွဲမှာ အားလုံးရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တဲ့ ကမ္ဘာကျော်မော်ဒယ် Kendall Jenner ရဲ့အမိုက်စားဖက်ရှင်

//s9.kh1.co/92/92808d7eda87e1208800925ad750ea307b11f7a9.jpg
အနုပညာရှင်များ

 ၁၅-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဖက်ရှင်လောကရဲ့အကြီးဆုံးပွဲဖြစ်တဲ့ Met Gala ပွဲမှာ အားလုံးရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တဲ့ ကမ္ဘာကျော်မော်ဒယ် Kendall Jenner ရဲ့အမိုက်စားဖက်ရှင်

Fashion လောကရဲ့အကြီးကျယ် အခမ်းနားဆုံးပွဲတစ်ခုဖြစ်တဲ့ Met Gala 2021 ပွဲကိုတော့ ပြီးခဲ့တဲ့ရက်က New York မြို့မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီပွဲကို ကမ္ဘာကျော် Celebrity တွေအများအပြား တက်ရောက်ခဲ့သလို CL နဲ့ BlackPink Member Rose တို့လည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီနှစ်မှာတော့ Met G‌ala ပွဲကို "In America : A Lexicon of Fashion" Theme နဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page

ကမ္ဘာကျော် Model တစ်ဦးဖြစ်တဲ့ Kendall Jenner ကလည်း Met Gala ပွဲကို အလှဆုံးသောဖက်ရှင်နဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ် ။ Kendall ရဲ့ပွဲတက်ဖက်ရှင်က သွယ်လျလှပတဲ့ သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ အရမ်းလိုက်ဖက်ပြီး ပြီးပြည့်စုံနေတာကြောင့် အားလုံးက ငေးမောခဲ့ရတာ ဖြစ်ပါတယ် ။ နိုင်ငံတကာမီဒီယာတွေ တော်တော်များများနဲ့ ကမ္ဘာတစ်လွှားက ပရိသတ်တွေကလည်း Kendall ရဲ့အလှကို ချီးကျူးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page

တလက်လက်တောက်ပနေတဲ့ Givenchy Gown က Kendall Jenner ရဲ့အလှကို ပိုမိုပေါ်လွင်စေခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီနှစ်မှာတော့ Kendall က The Met Gala 2021 ရဲ့ Red Carpet ကို လွှမ်းမိုးနိုင်ခဲ့တဲ့ အလှဘုရင်မတစ်ဦးလို့ ဆိုရမှာပဲ ဖြစ်ပါတယ် ။ ဖက်ရှင်လောကရဲ့အကြီးဆုံးပွဲတစ်ခုဖြစ်တဲ့ Met Gala ပွဲကိုတက်ရောက်လာခဲ့တဲ့ ကမ္ဘာကျော်မော်ဒယ် Kendall Jenner ရဲ့ပုံရိပ်တွေနဲ့ ဗီဒီယိုဖိုင်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Kendall Jenner's FB Page

Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page
Photo Credit-Kendall Jenner's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T