အဆိပ်ပန်းဇာတ်လမ်းတွဲရဲ့ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုဖိုင်တစ်ချို့ကိုပြသလာတဲ့ ထိုင်းမင်းသား S Kantapong နဲ့ ထိုင်းမင်းသမီး Now Tisanart

//s9.kh1.co/57/570baf520764d734902584c1b0fe75aef3bbd4df.jpg
အနုပညာရှင်များ

 ၁၅-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အဆိပ်ပန်းဇာတ်လမ်းတွဲရဲ့ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုဖိုင်တစ်ချို့ကိုပြသလာတဲ့ ထိုင်းမင်းသား S Kantapong နဲ့ ထိုင်းမင်းသမီး Now Tisanart

ယခုလက်ရှိ ထိုင်းနိုင်ငံမှာ ရေပန်းအစားဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အဆိပ်ပန်း (Mae Bai) ဇာတ်လမ်းတွဲက မြန်မာနိုင်ငံမှာပါ အောင်မြင်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေကလည်း ဒီဇာတ်လမ်းတွဲကို မလွတ်တမ်း စောင့်ကြည့်အားပေးနေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် ပရိသတ်တွေအတွက် ဒီဇာတ်လမ်းတွဲရဲ့ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုဖိုင်တစ်ချို့ကို ဖော်ပြပေးချင်ပါတယ် ။

Photo Credit-S Kantapong's IG Acc & Now Tisanart's IG Acc

ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုင်းမင်းသား S Kantapong နဲ့ ထိုင်းမင်းသမီး Now Tisanart တို့က မနေ့ကပဲ သူတို့ရဲ့Instagram မှာ Update တစ်ချို့ တင်ပေးခဲ့တာ တွေ့ရပါတယ်။ S နဲ့ Now တို့က ဇာတ်ဝင်ခန်းတစ်ခုရဲ့Behind the scenes အဖြစ် ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တစ်ချို့ကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဇာတ်ခုံပေါ်မှာ အတွဲညီညီနဲ့ သရုပ်ဆောင်ခဲ့ကြတဲ့ Now တို့အနုပညာမောင်နှမနှစ်ယောက်ကလည်း ရိုက်ကွင်းမှာလည်း ဒါရိုက်တာသင်ပြပေးတဲ့အတိုင်း ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-S Kantapong's IG Acc & Now Tisanart's IG Acc
Photo Credit-S Kantapong's IG Acc & Now Tisanart's IG Acc
Photo Credit-S Kantapong's IG Acc & Now Tisanart's IG Acc
Photo Credit-S Kantapong's IG Acc & Now Tisanart's IG Acc
Photo Credit-S Kantapong's IG Acc & Now Tisanart's IG Acc
Photo Credit-S Kantapong's IG Acc & Now Tisanart's IG Acc

ရိုက်ကူးရေးပြီးတဲ့အချိန်မှာတော့ Now တို့နှစ်ယောက်က သူတို့ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကို အတူတူ ပြန်ကြည့်ခဲ့ကြသေးတာ ဖြစ်ပါတယ် ။ အပြင်မှာလည်း ခင်မင်ရင်းနှီးကြတဲ့ S Kantapong နဲ့ Now တို့က ရိုက်ကွင်းနောက်ကွယ်မှာလည်း ရယ်ရယ်မောမောနဲ့ စနောက်နေကြတာ တွေ့ရပါတယ်။ လက်တွေ့ဘဝမှာတော့ S Kantapong က ဂျာမနီသူဇနီးချောလေးနဲ့ အိမ်ထောင်ကျပြီး ပျော်ရွှင်စရာမိသားစုလေးကို တည်ဆောက်ထားသလို Now ကလည်း ထိုင်းမင်းသားချော New Wonsakorn နဲ့ချစ်သူတွေဖြစ်နေတာ ဖြစ်ပါတယ်။ အဆိပ်ပန်းဇာတ်လမ်းတွဲထဲက မင်းသားနဲ့မင်းသမီးရဲ့ရိုက်ကွင်းက ဗီဒီယိုဖိုင်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-S Kantapong's IG Acc ,Now Tisanart's IG Acc & Susieme's IG Story

Photo Credit-S Kantapong's IG Acc & Now Tisanart's IG Acc
Photo Credit-S Kantapong's IG Acc & Now Tisanart's IG Acc
Photo Credit-Susieme's IG Story 
Photo Credit-Susieme's IG Story 
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T