Met Gala ပွဲကို ရွှေလက်တွဲပြီးတက်ရောက်လာကာ လူအများရှေ့မှာ အပြန်အလှန်ဂရုစိုက်နေတဲ့အပြင် ချစ်ကြည်နူးနေကြတဲ့ Justin တို့ဇနီးမောင်နှံ

//s9.kh1.co/db/dba27b9d5d10b7233ebd515ab4a89f7c71e99fa0.jpeg
အနုပညာရှင်များ

 ၁၅-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

Met Gala ပွဲကို ရွှေလက်တွဲပြီးတက်ရောက်လာကာ လူအများရှေ့မှာ အပြန်အလှန်ဂရုစိုက်နေတဲ့အပြင် ချစ်ကြည်နူးနေကြတဲ့ Justin တို့ဇနီးမောင်နှံ

လွန်ခဲ့တဲ့ရက်ပိုင်းက နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ Video Music Awards 2021 ပွဲကြီးကို Justin Bieber နဲ့ Hailey Baldwin တို့ဇနီးမောင်နှံနှစ်ယောက်ကလည်း ရွှေလက်တွဲပြီးတက်ရောက်ခဲ့ကြပါတယ်။Justin က အဲ့ဒီပွဲမှာ Artist Of The Year နဲ့ Best Pop Video ( Peaches ) တို့နဲ့ ဆုနှစ်ဆု ရရှိခဲ့တာပဲဖြစ်ပါတယ်။Justin တို့ဇနီးမောင်နှံအတွက် ပထမဆုံး Met Gala ဖြစ်လို့ ဒီပွဲမှာ လိုက်ဖက်ညီတဲ့ အနက်ရောင်ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc

VMAs ပွဲကို တက်ရောက်လာကြတဲ့ အနုပညာရှင်တွေက များပြားပြီး သူတို့ရဲ့ တမူထူးခြားတဲ့ဒီဇိုင်းတွေကလည်းတစ်ယောက်နဲ့တစ်ယောက် လွန်စွာကွဲပြားလှပါတယ်။Justin နဲ့ Hailey တို့ရဲ့ ဝတ်စုံတွေကတော့ ရိုးရိုးရှင်းရှင်းဒီဇိုင်းတွေဖြစ်ပေမယ့် နှစ်ယောက်လုံးရဲ့အသွင်အပြင်တွေက တောက်ပနေခဲ့ပါတယ်။Hailey ရဲ့ အနက်ရောင်ဂါဝန်ရှည်ကတော့ ခန္ဓာကိုယ်ပေါ်မှာ ချပ်ရပ်နေလို့ အလှတရားတွေပေါ်လွင်နေတဲ့အပြင် လည်တိုင်မှာလည်း စိန်လည်ဆွဲကိုဆင်မြန်းထားပါသေးတယ်။

Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc

Justin ကတော့ အဖြူရောင်ရှပ်အင်္ကျီအပေါ်မှာ အနက်ရောက်ကုတ်ကိုထပ်ဝတ်ထားတဲ့ပုံစံက မြင်နေကျဖြစ်ပေမယ့်ဘောင်းဘီအပွကြောင့် ဒီဇိုင်းတစ်မျိုးဖြစ်လို့သွားပါတယ်။Justin နဲ့ Hailey တို့ရဲ့ ဝတ်စုံဒီဇိုင်းတွေက အားလုံးထဲမှာရိုးရှင်းနေပေမယ့် ပရိသတ်တွေရဲ့အာရုံကိုရရှိခဲ့ပါတယ်။အဲ့ဒါကတော့ နှစ်ယောက်သားက Red Carpet ပေါ်မှာအပြန်အလှန်ဂရုစိုက်ပြီး အရမ်းလိုက်ဖက်ညီနေတာကြောင့်ပဲဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး ဘယ်နေရာမဆို အတူတူသွားလာကြတဲ့ Justin တို့ဇနီးမောင်နှံရဲ့ ပွဲတက်ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Justin Bieber’s IG Acc
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Justin Bieber’s IG Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T