ဖြတ်သန်းခဲ့ရတဲ့တော်လှန်ရေးအတွေ့အကြုံတွေနဲ့ အရေးတော်ပုံကြီးအောင်မြင်ရင် လုပ်ချင်နေတဲ့ ဆန္ဒလေးတွေကို ရင်ဖွင့်ပြောပြလာတဲ့ ကိုပေါက်

//s9.kh1.co/47/470c4e5b4258a247240201542eba3ab1ec24520c.jpeg
အနုပညာရှင်များ

 ၁၅-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကတော့ လတ်တလောမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်နေသူပဲ ဖြစ်ပါတယ်။ တိုက်ပွဲဝင်သူရဲကောင်းရဲဘော်တွေအတွက် စားဖိုမှူးတာဝန်ယူထားပြီး အစားအသောက်တွေကို အာဟာရရှိရှိချက်ပြုတ်ပေးတဲ့အပြင် အခြားအခန်းကဏ္ဍတွေမှာလည်း ပါဝင်အားဖြည့်နေတာ တွေ့ရပါတယ်။

Photo Credit - Aung Min Naing's Fb Acc
Photo Credit - Aung Min Naing's Fb Acc
Photo Credit - Aung Min Naing's Fb Acc
Photo Credit - Aung Min Naing's Fb Acc

ပြည်သူတွေလေးစားချစ်ခင်ရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်လာတဲ့ ကိုပေါက်ကတော့ သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်းတွေနဲ့ အရေးတော်ပုံကြီးအောင်မြင်ရင် လုပ်ချင်နေတဲ့ ဆန္ဒလေးတွေကို ဖွင့်ဟပြောပြလာပါတယ်။ (၈၈) အရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေးနဲ့ လက်ရှိနွေဦးတော်လှန်ရေးတွေမှာ ဖြတ်သန်းခဲ့တဲ့ အသက်အရွယ်နဲ့ လက်ရှိလုပ်ဆောင်နေတဲ့ အရာလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်။ 

Photo Credit - Aung Min Naing's Fb Acc
Photo Credit - Aung Min Naing's Fb Acc
Photo Credit - Aung Min Naing's Fb Acc
Photo Credit - Aung Min Naing's Fb Acc

ကိုပေါက်ကတော့ သူအခုလုပ်နေတဲ့ နိုင်ငံ့အရေးမှာ ပုဂ္ဂိုလ်ရေးအရ တခြားဘာမျှော်လင့်ချက်မှ မထားပေမယ့် ရည်မှန်းချက်တော့ထားပြီး အရေးတော်ပုံကြီးအောင်မြင်လို့ ပြီးဆုံးသွားခဲ့အခါ အိမ်ပြန်ပြီး အေးဆေးအနားယူမယ့်အကြောင်းတွေ ပြောပြထားတာပါ။ လက်ရှိမှာတော့ မိသားစုတွေနဲ့ ဝေးရာ တော်လှန်ရေးနယ်မြေမှာ ပြည်သူတွေအားလုံးရဲ့အနာဂတ်တွေအတွက် တတ်စွမ်းသလောက် အားတက်တရောပါဝင်နေရင်း အခက်အခဲတွေကို ကြိုးစားရင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ 

Photo Credit - Aung Min Naing's Fb Acc
Photo Credit - Aung Min Naing's Fb Acc
Photo Credit - Aung Min Naing's Fb Acc
Photo Credit - Aung Min Naing's Fb Acc
Photo Credit - Aung Min Naing's Fb Acc
Photo Credit - Aung Min Naing's Fb Acc

သတင်း အရင်းအမြစ်Aung Min Naing's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T