Billie ဟာ Met Gala သမိုင်းမှာ Company ရဲ့ Rule တွေကိုပြောင်းပေးရတဲ့ ပထမဆုံး Met Gala guest ဖြစ်လာ

//s9.kh1.co/dc/dc27232f1f9abc2da9e483c28870319b70d5ebf7.jpg
အနုပညာရှင်များ

 ၁၅-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

Billie Eilish ရဲ့ Dramatic Nude Gown ရဲ့ နောက်ကွယ်ကအကြောင်း

စက်တင်ဘာလရဲ့ ဒုတိယမြောက်တနင်္လာနေ့မှာ နယူးယောက်ခ်မြို့ မှာကျင်းပခဲ့တဲ့ The Met ရဲ့ Gala ပွဲ ဟာ fashion မှာ စိတ်လှုပ်ရှားစရာ အမြင့်ဆုံးပွဲတစ်ပွဲပါ။ ၂၀၂၁ နှစ်ရဲ့ Theme : In America : A Lexicon of Fashion ကတော့ တကယ့် အမေရိကန်စတိုင် ကို ကိုယ်စားပြုတဲ့ ဝတ်စုံတွေကို သူတို့ရဲ့ ပြပွဲ ခန်းမတွေထဲ မှာရော ပွဲတက်လာသူတွေ  celebs and stars တွေ ဆီမှာပါတွေ့ရမှာပါ။ Met Gala ပွဲရဲ့ အကောင်းဆုံး Looks တွေထဲမှ အသက်ငယ်ဆုံး Co-chair ဖြစ်တဲ့ Billie Eilish ရဲ့ Dramatic Nude Gown ရဲ့ နောက်ကွယ်ကအကြောင်း ကိုပြောပြချင်ပါတယ်။

Photo Credit: Getty Image
Photo Credit: Getty Image

Billie Eilish ကတော့ လော့စ်အိန်ဂျလိစ် အနုပညာအသိုင်းအဝိုင်းကမွေးဖွားလာတဲ့ သူတစ်ယောက်ပါ။ သူမရဲ့မိဘနှစ်ပါးကတော့ သရုပ်ဆောင်တွေဖြစ်ပြီး သူမဟာ ငယ်စဉ်က အကဝါသနာကြီးလို့ ကတာကို တစိုက်မက်မက်လုပ်ခဲ့ပေမယ့် ဒဏ်ရာရပြီး နောက်မှာတော့ အကကို စွန့်လွှတ်ခဲ့ပါတယ်။ သူမဟာ သူမရဲ့အကို Finneas ရေးဖွဲ့ထားတဲ့ “Ocean Eyes”လို့ အမည်ပေးထားတဲ့သီချင်းကို သီဆိုပြီး သူမကို အကသင်ပေးတဲ့ဆရာကို နားထောင်စေချင်လို့ လူတိုင်းအခမဲ့နားထောင်နိုင်တဲ့ Soundcloud မှာ စတင်ထုတ်လွှင့်ခဲ့ရာကနေစပြီးတော့ သူမရဲ့ ထူးခြားတဲ့အသံနဲ့ သီချင်းသံစဉ်ကို လူတွေသတိထားမိလာခြင်း ဖြစ်ပါတယ်။ 

Photo Credit: Google
Photo Credit: Google

19 နှစ်အရွယ် Billie တစ်ယောက် Met Gala ပွဲမှာ ခါတိုင်းဝတ်စားနေကျပုံနဲ့မတူတဲ့ ဒီ Oscar de la Renta ရဲ့ Gown ကို ဝတ်ပေးဖို့ Deal တစ်ခုကိုတောင်းခဲ့ပါတယ်။ အဲ့ Deal ကတော့ Oscar de la Renta ရဲ့ Designs တွေမှာ တိရိစ္ဆာန်တွေရဲ့ သားမွှေးတွေကို ဆက်လက်အသုံးမပြုဖို့တဲ့ သဘောတူညီချက်ပါတဲ့။ 

Photo Credit: Getty Image
Photo Credit: Getty Image

 Billie ဝတ်ဆင်ခဲ့တဲ့ Oscar de la Renda Gown ဟာ Super Bowl ပုံစံ 15 ပေရှည်ပြီး Holiday Barbie, Marilyn Moroe နဲ့ Grace Kelly တို့ကို Inspiration ယူထားတာဖြစ်ပါတယ်။ Billie ရဲ့တောင်းဆိုမှု့ကို Brand ရဲ့ Creative Director တွေဖြစ်တဲ့ Mr Garcia နဲ့ Ms Kim တို့ကသဘောတူပေမဲ့ Chief Exclusive ဖြစ်တဲ့ Alex Bolen က Runway မှာမသုံးဘဲ Sale တွေမှာတော့သုံးမယ် လို့သာသဘောတူခဲ့ပါတယ်။ Billie Team ကတော့ တိရိစ္ဆာန်သားမွှေးတွေအသုံးပြုတဲ့ Brand နဲ့အလုပ်မလုပ်ဘူးလို့ Inform လုပ်ခဲ့တာကြောင့် Mr Bolen တစ်ယောက်နောက်ဆုံးမှာသဘောတူခဲ့ပါတယ်။

Photo Credit: Getty Image
Photo Credit: Getty Image

 ဒါကြောင့်Billie ဟာ Met Gala သမိုင်းမှာ ဝတ်စုံကိုဝတ်ဆင်ပေးဖို့ Company ရဲ့ Rule တွေကိုပြောင်းပေးရတဲ့ ပထမဆုံး Met Gala guest ဖြစ်လာပါတယ်။ ဒါ့အပြင်ပွဲအတွက် Skincare နဲ့ Makeup တွေကိုလဲ Vegan, cruelty-free product တွေပဲသုံးသွားပါတယ်။ Oscar de la Renta ရဲ့ Gown ကို ဝတ်ရတာ သက်သောင့်သက်သာ ရှိတယ်လို့လဲလည်း သူမက ပြောသွားပါတယ်။ 

Photo Credit: Getty Image
Photo Credit: Getty Image
Photo Credit: Getty Image
Photo Credit: Getty Image
Photo Credit: Getty Image
Photo Credit: Getty Image
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T