ရှောင်တိမ်းနေရချိန်မှာ ကျန်းမာရေးမကောင်းတာတောင် ၅၀၅(က)ကြောင့် ဆေးခန်းသွားမပြရဘဲ ရောဂါကိုသာကြိတ်မှိတ်ခံစားနေရတဲ့မေ

//s9.kh1.co/ab/ab7175cd23f6d426971aac59b29e6653787f1a00.jpeg
အနုပညာရှင်များ

 ၁၅-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ရှောင်တိမ်းနေရချိန်မှာ ကျန်းမာရေးမကောင်းတာတောင် ၅၀၅(က)ကြောင့် ဆေးခန်းသွားမပြရဘဲ ရောဂါကိုသာကြိတ်မှိတ်ခံစားနေရတဲ့မေ

သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ မေကတော့ အားပေးချစ်ခင်ကြတဲ့ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူမက ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေမှာလည်း ပြည်သူတွေနဲ့အတူ တစ်စိတ်တစ်ပိုင်း ပါဝင်အားဖြည့်ပေးခဲ့ပါတယ်။မေကလည်း အနုပညာမောင်နှမတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တာဖြစ်ပါတယ်။

Photo Credit:Candy May’s Fb acc
Photo Credit:Candy May’s Fb acc
Photo Credit:Candy May’s Fb acc
Photo Credit:Candy May’s Fb acc

ဒါ့ကြောင့် သူမက ၅၀၅(က)စာရင်းထဲပါခဲ့ပြီး လက်ရှိမှာ လုံခြုံရေးအတွက် ရှောင်တိမ်းနေထိုင်နေရတာဖြစ်ပါတယ်။မေလည်း မိသားစုနဲ့အတူမနေထိုင်ရဘဲ တခြားနေရာကိုရောက်ရှိနေရင်း ကျန်းမာရေးလည်းမကောင်းဘူးလို့သိရပါတယ်။သူမက ဟိုးအရင်နှစ်တွေကတည်းက နည်းနည်းချူချာခဲ့ပေမယ့် လွတ်လွတ်လပ်လပ်နေထိုင်ရတာဖြစ်လို့ ဆေးကုသမှုလည်းခံယူလို့ရပြီး ရောဂါတွေလည်းစစ်ဆေးလို့ရတာပဲဖြစ်ပါတယ်။

Photo Credit:Candy May’s Fb acc
Photo Credit:Candy May’s Fb acc
Photo Credit:Candy May’s Fb acc
Photo Credit:Candy May’s Fb acc

အခုချိန်မှာတော့ ၅၀၅(က)ကြောင့် မေလည်း ဆေးခန်းသွားမပြရဘဲ ရောဂါကိုသာကြိတ်မှိတ်ခံစားနေရတာဖြစ်ပါတယ်။သူမရဲ့ကျန်းမာရေးအတွက် အွန်လိုင်းပေါ်ကနေသာ ကုသပေးတဲ့ ဆရာဝန်တချို့ကိုလည်း ကျေးဇူးတင်နေတာဖြစ်ပါတယ်။လက်ရှိမှာ တခြားနေရာကိုရောက်နေတာဖြစ်လို့ အနားမှာရှိတဲ့သူတွေမငြိုငြင်ရင်ဘဲ ကျေနပ်ပါပြီဆိုပြီး သူမရဲ့ခံစားချက်တွေကို ရေးသားထားတာဖြစ်လို့ ကျန်းမာရေးအမြန်ကောင်းပါစေလို့ဆုတောင်းရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Candy May’s Fb acc
Photo Credit:Candy May’s Fb acc
Photo Credit:Candy May’s Fb acc
Photo Credit:Candy May’s Fb acc
Photo Credit:Candy May’s Fb acc
Photo Credit:Candy May’s Fb acc

Source&Photo Credit:Candy May’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T