ကိုဗစ်ရောဂါကူးစက်မှုတွေက ဒီကာလမှာ အတော်လေးများခဲ့တာကြောင့် လိုအပ်တဲ့ ကိစ္စအဝဝကို ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။ အခုချိန်အထိလည်း ရောဂါဖြစ်ပွားနေသူတွေ ကျန်ရှိနေသေးသလို အောက်ဆီဂျင် လိုအပ်နေကြတဲ့ လူနာတွေလည်း ရှိနေဆဲပါ ။ 

Photo Credit : Thinzar Wint Kyaw Facebook Account
Photo Credit : Thinzar Wint Kyaw Facebook Account

ဒါ့ကြောင့်လည်း  စေတနာ အလှူရှင်တွေ နဲ့ ပရဟိတ အသင်းတွေက အောက်ဆီဂျင်တွေ အဆက်မပြတ် လှူဒါန်းပေးလျက်ရှိရာ အရင်ထက်တော့ အတော်လေး အဆင်ပြေလာတာတွေ့ရပါတယ် ။ ခုလို တတ်နိုင်သလောက် ကူညီပေးနေကြသူတွေ အထဲမှာ မင်းသမီးချောလေး သင်ဇာဝင့်ကျော်လည်း အပါအဝင်ပါပဲ ။

Photo Credit : Thinzar Wint Kyaw Facebook Account
Photo Credit : Thinzar Wint Kyaw Facebook Account

ယနေ့ စက်တင်ဘာလ (၁၄) ရက်နေ့မှာလည်း သင်ဇာဝင့်ကျော်က ကာလဒါန အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ် ။ ဒီလို ကာလမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်စက်တစ်လုံးနဲ့ Mask များကို သူကိုယ်တိုင် မသွားရောက်နိုင်တာကြောင့် အေးသီတာကနေတစ်ဆင့် လိုအပ်နေတဲ့ ပရဟိတ အသင်းကို လှူဒါန်းပေးခဲ့ပါတယ် ။ တကယ်ကို မွန်မြတ်တဲ့ အလှူလေးမို့ ပြန်လည်ဝေမျှပေးရင်း သင်ဇာလည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Thinzar Wint Kyaw Facebook Account
Source & Photo Credit : Thinzar Wint Kyaw Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။