ဖက်ရှင်လောကရဲ့အခမ်းနားဆုံးပွဲတစ်ခုဖြစ်တဲ့ Met Gala ပွဲကို ပုံမှန်ဆိုရင် မေလရဲ့ ပထမဆုံးတနင်္လာနေ့မှာ ကျင်းပလေ့ရှိပါတယ်။ Met Gala ပွဲကို Covid – 19 ကပ်ရောဂါကြောင့် မနှစ်က မကျင်းပလိုက်ရပေမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (13) ရက် ဒုတိယမြောက်တနင်္လာနေ့မှာ နယူးယောက်ခ်မြို့ မှာကျင်းပခဲ့ပါတယ်။

ပြတိုက်ရဲ့ခမ်းနားတဲ့ လှေကားထစ်တွေပေါ် ခင်းကျင်းထားတဲ့ ကော်ဇော်နီထက်မှာ မြင်ရတဲ့ အမိုက်စား၊ အလန်းစားဖက်ရှင်တွေ၊ အနုပညာမြောက်တဲ့ ဝတ်စုံတွေကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖက်ရှင်ချစ်သူတွေကို ရူးသွပ်အောင်လုပ်နိုင်တဲ့ ပွဲတစ်ခုလို့ပြောနိုင်ပါတယ်။

ရုပ်ရှင်မှာဆို အော်စကာ၊ ဂီတမှာဆို ဂရမ်မီ၊ ဖက်ရှင်မှာဆို Met Gala ပွဲလို့သတ်မှတ်ရလောက်အောင် သြဇာကြီးတာကြောင့်မို့ နယ်ပယ်အသီးသီးမှာ အသိမှတ်ပြုအောင်မြင်နေကြတဲ့သူတွေပဲ တက်ရောက်ခွင့်ရကြပါတယ်။ ဖိတ်ကြားခံရတဲ့ သူတိုင်းကလည်း ဒီပွဲကိုတက်ရောက်ခွင့်ရလို့ ဂုဏ်ယူဝံ့ကြွားစွာ တက်ရောက်ကြပါတယ်။
နိုင်ငံတကာက အနုပညာရှင်တွေဟာ ပွဲတစ်ပွဲတက်ပြီဆိုရင် သူတို့ရဲ့အပြင်အဆင်၊ အဝတ်အစားတွေကို အများနဲ့မတူ ထူးခြားနေအောင် ဆင်မြန်းကြလေ့ရှိပါတယ်။ မိတ်ကပ်ခြယ်သမှုအပိုင်းမှာလည်း ဆံပင်၊ မိတ်ကပ်စတာတွေကို အရင်ပွဲတက်အချိန်တွေနဲ့ မတူဘဲ Met Gala ပွဲမှာ အလန်းစားပြင်ဆင်ထားတဲ့ အနုပညာရှင်တွေရဲ့ Fashion တွေကို ဖော်ပြောပြပေးလိုက်ပါတယ်။
Rihanna

Kim Kardasian in Kanye West and Balenciaga

Lil Nas X in Versace



Kendall Jenner in Givenchy

Justin Bieber in Drew House and Hailey Bieber in Saint Laurent

Billie Eilish in Oscar de la Renta

Megan Thee Stallion in Coach.

Jennifer Lopez in Ralph Lauren

Lupita Nyong'o.

Lorde in Bode.

Frank Ocean.

Normani in Valentino.

Iman in Harris Reed.

Teyana Taylor in Prabal Gurung.

Kim Petras in Collina Strada.
