VMAs ပွဲမှာ Machine Gun Kelly နဲ့ပြဿနာတက်ပြီး ထိုးကြိတ်ဖို့အထိဖြစ်ခဲ့တဲ့အပြင် လက်ထဲက အအေးခွက်နဲ့ပါပက်ခဲ့တဲ့ Conor McGregor ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/8b/8b9df3434d4ca11759668e533c45b6515e73a309.jpg
အနုပညာရှင်များ

 ၁၄-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

VMAs ပွဲမှာ Machine Gun Kelly နဲ့ပြဿနာတက်ပြီး ထိုးကြိတ်ဖို့အထိဖြစ်ခဲ့တဲ့အပြင် လက်ထဲက အအေးခွက်နဲ့ပါပက်ခဲ့တဲ့ Conor McGregor ရဲ့ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က New York မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ MTV Video Music Awards ပွဲမှာ Conor McGregor နဲ့ Machine Gun Kelly တို့ ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။ Conor McGregor က ကမ္ဘာကျော် UFC အားကစားသမားတစ်ယောက်ဖြစ်ပြီး Machine Gun Kelly ကလည်း နာမည်ကြီး Rapper အဆိုတော်တစ်ဦး ဖြစ်ပါတယ် ။ ဒီပွဲမှာ သူတို့နှစ်ယောက်က ပွဲမစခင် Red Carpet မှာတင် ပြဿနာဖြစ်ပွားခဲ့ပြီး Conor McGregor ဘက်က ထိုးကြိတ်တော့မယ့် အနေအထားအထိ ဖြစ်သွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Loudwire,buzzfeednews,Getty Images
Photo Credit-Loudwire,buzzfeednews,Getty Images
Photo Credit-Loudwire,buzzfeednews & bjpenn
Photo Credit-Loudwire,buzzfeednews & bjpenn

နိုင်ငံတကာသတင်းမီဒီယာတွေမှာ ရေးသားထားတာကတော့ Conor က MGK ကို ဓာတ်ပုံတွဲရိုက်ဖို့ သွားပြောတာကို MGK ဘက်က ငြင်းဆိုလိုက်တယ်လို့ ဖော်ပြထားကြပါတယ်။ Machine Gun Kelly ကဓာတ်ပုံအရိုက်မခံတဲ့အပြင် Conor ကိုတွန်းထုတ်လိုက်တယ်လို့ ရေးသားထားတာတွေလည်း တွေ့ရပါတယ်။ ဒါကြောင့် Conor McGregor က ဒေါသထွက်သွားပြီး MGK ကိုထိုးဖို့ လက်ရွယ်ခဲ့ပေမယ့် လုံခြုံရေးတွေ ဝိုင်းတားလိုက်တာကြောင့် ထိုးကြိတ်တဲ့အထိ ဖြစ်မသွားခဲ့ဘူးလို့လည်း သိရပါတယ်။

Photo Credit-DeeDeVlin's IG Acc
Photo Credit-DeeDeVlin's IG Acc
Photo Credit-Loudwire,buzzfeednews & bjpenn
Photo Credit-Loudwire,buzzfeednews & bjpenn
Photo Credit-Loudwire,buzzfeednews & bjpenn
Photo Credit-Loudwire,buzzfeednews & bjpenn
Photo Credit-Loudwire,buzzfeednews & bjpenn
Photo Credit-Loudwire,buzzfeednews & bjpenn

ဒါပေမဲ့ Conor က MGK ကို လက်ထဲက အအေးခွက်နဲ့ပက်လိုက်တဲ့ ဗီဒီယိုဖိုင်တစ်ခုကလည်း Social Media ထက်မှာ အတော်လေးကို ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ် ။ နိုင်ငံတကာမီဒီယာတွေကတော့ ဒီအကြောင်းကို အကျယ်တဝင့် ရေးသားပြီး ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီပွဲမှာ MGK က သူ့ရဲ့ချစ်သူ Megan Fox နဲ့အတူ ပွဲတက်လာခဲ့တာဖြစ်ပြီး Conor ကလည်း သူ့ရဲ့ဇနီးလောင်း Dee Devlin နဲ့အတူ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ် ။ VMA's Red Carpet ထက်မှာ MGK ကို အအေးခွက်နဲ့ပက်ခဲ့တဲ့ Conor ရဲ့ဗီဒီယိုကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Loudwire,buzzfeednews & bjpenn

Video Credit-Bleacher Report

Photo Credit-Machine Gun Kelly's IG Acc
Photo Credit-Machine Gun Kelly's IG Acc
Photo Credit-DeeDeVlin's IG Acc
Photo Credit-DeeDeVlin's IG Acc
Photo Credit-Loudwire,buzzfeednews & bjpenn
Photo Credit-Loudwire,buzzfeednews & bjpenn
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T