မနေ့ညကတင် အမေစုကို ထူးထူးခြားခြားအိပ်မက်မက်ခဲ့တဲ့အကြောင်း ပြောနေရင်းနဲ့ ရုတ်တရက်သတင်းကြားရလို့ စိတ်ပူနေတဲ့အောင်ရင်

//s9.kh1.co/f2/f229d047fb476025befce11a87ad974f2e559f5c.jpg
အနုပညာရှင်များ

 ១៣-កញ្ញា-២០២១ ៤ល្ងាច · ៥ ឆ្នាំមុន

မနေ့ညကတင် အမေစုကို ထူးထူးခြားခြားအိပ်မက်မက်ခဲ့တဲ့အကြောင်း ပြောနေရင်းနဲ့ ရုတ်တရက်သတင်းကြားရလို့ စိတ်ပူနေတဲ့အောင်ရင်

အဆိုတော် အောင်ရင်ကတော့ ယနေ့မှာပဲ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး စာတစ်ချို့ ရေးသားထားတာ တွေ့ရပါတယ်။ အောင်ရင်က မနေ့ညကပဲ သူ့ရဲ့အိပ်မက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထူးထူးခြားခြား အိပ်မက်မက်ခဲ့ကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အောင်ရင်က ညကအိပ်မက်အကြောင်း ဇနီးဖြစ်သူကိုပြောပြနေချိန်မှာပဲ အမေစုရဲ့ကျန်းမာရေးသတင်းကို ကြားလိုက်ရတာ ဖြစ်ပါတယ် ။

Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc

အောင်ရင်က " အမေစုရယ်၊ ကော်နီရယ် ကျွန်တော်က အိမ်ကိုထမင်းစားဖို့ ခေါ်လာတာတဲ့ အိမ်ရောက်တော့ ဟင်းကတစ်မျိုးတည်းဖြစ်နေလို့ ညီထွေးကို သွားဝယ်ခိုင်းတယ်ဆိုပြီးမက်တယ်" ဆိုပြီး သူ့ရဲ့အိပ်မက်အကြောင်းကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ တရားရုံးသွားနေရင်းနဲ့ ခေါင်းမူးလို့ ပြန်သွားရတဲ့ အမေစုရဲ့သတင်းကိုကြားပြီး အောင်ရင်က သူ့အနေနဲ့ စိတ်ပူနေကြောင်း ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Chair NLD
Photo Credit-Chair NLD

ဒါကြောင့် အောင်ရင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအတွက် စိတ်ပူပြီး ဆုတောင်းပေးထားတာလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ အောင်ရင်က သူ့ရဲ့ဇနီး၊သမီးလေးတို့နဲ့အတူ လန်ဒန်မှာပဲ အခြေချနေထိုင်နေတာ ဖြစ်ပါတယ် ။ အမေစုကို အိပ်မက်မက်ခဲ့တဲ့အကြောင်းပြောပြရင်းနဲ့ စိတ်ပူနေတဲ့ အဆိုတော်အောင်ရင်ရဲ့စာကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Aung Yin's FB Acc

Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T