တောင်ကိုရီးယား နာမည်ကျော် K pop အဆိုတော်အဖွဲ့ BlackPink မှ အငယ်ဆုံးအဖွဲ့ဝင် Lisa ဟာဆိုရင် အဖွဲမှာ Main Dancer တစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့ “LALISA” ဆိုတဲ့ Music Video ကတော့ ပြီးခဲ့တဲ့စက်တင်ဘာလ (၁၀) ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။ MV က ထွက်ရှိပြီးမကြာခင် နာရီပိုင်းအတွင်းမှာပဲ အရမ်းအရမ်းအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
MV မှာတော့ Lisa က ထိုင်မလေးပီပီ ထိုင်းရိုးရာဝတ်စုံကို ပြန်လည်ဆန်းသစ်ထားတဲ့ ဝတ်စုံလေးကြောင့် သူမရဲ့မွေးရပ်မြေဖြစ်တဲ့ ထိုင်းနိုင်ငံမှာပါ အကြီးအကျယ် အောင်မြင်နေတာ တွေ့ရပါတယ်။
ဒါကြောင့် Lisa ရဲ့သီချင်းဗီဒီယိုက မနေ့က နေ့လည် ၂ နာရီ လောက်YouTube မှာကြည့်ရှုသူသန်း ၁၀၀ ခန့်ရှိခဲ့ပါတယ်။ ၂၄ နာရီအတွင်း ကြည့်ရှုသူဉီးရေ အမြင့်ဆုံးရောက်ရှိနေပြီး စံချိန်သစ်တင်နေပေမယ့်လည်းYouTube ကတော့ အတည်ပြုထားတာ မတွေ့ရသေးပါဘူး။
MV ထွက်ပြီး ၂ ရက် ကြာတဲ့နောက်မှာ“ Lalisa” MV ဟာ ကမ္ဘာပေါ်ရှိမည်သည့် MV ထက်မဆို ကြည့်ရှုသူများတာကိုတွေ့ရပါတယ် ။ အရင်တုန်းက PSY ရဲ့ “ Gentleman” က ၂.၈ ရက်အပြီးမှာ ကြည့်ရှူသူအများဆုံးဖြင့်စံချိန်တင်နိုင်ထားခဲ့တာဖြစ်ပါတယ်။
မကြည့်ရသေးရင် တဲ့ ပရိသတ်တွေအတွက်လည်း “ Lalisa” Music Video ကို ကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။