ရထားသံလမ်းဘေးမှာ နေထိုင်ကြတဲ့ ကျူးအိမ်ထောင်စုတွေရဲ့ စားဝတ်နေရေး အခက်အခဲကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/7e/7e35a1d4be2d62d6412a0f156bad76d879223c7a.jpeg
အနုပညာရှင်များ

 ၁၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

ဝေဠုကျော်ကတော့ အခုလို အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဒီကာလတွေမှာ အဆင်မပြေကြတဲ့ ပြည်သူတွေ များပြားလွန်းလို့ လိုအပ်တဲ့နေရာတွေကို သေချာ စီစစ်ပြီး တတ်နိုင်သလောက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းကာ အစွမ်းကုန် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 

ဒါ့အပြင် ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာလည်း လူနာတွေအတွက် အောက်ဆီဂျင်အိုးများ လှူဒါန်းကာကူညီပေးလျက်ရှိပါတယ် ။ သူအနေနဲ့ ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ လူနာတွေရဲ့ ကိစ္စဝဝအပြင် သေဆုံးသူတွေရဲ့ ရုပ် အလောင်းတွေကိုလည်း သူကိုယ်တိုင် PPE ဝတ်ပြီး စနစ်တကျ သယ်ယူကာ နေ့ရော ညရော ကူညီပေးနေတာကြောင့် ပရိသတ်တွေက လေးစားအားကျခဲ့ရတာပါ ။

Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 

မျိုးစုံသော ပရဟိတ အလုပ်တွေနဲ့ မအားလပ်နေတဲ့ ဝေဠုကျော်က အခုလည်း ရထားသံလမ်းဘေးက ကျူးရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ထောင်စုတွေ အတွက် စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး ပုဇွန် ၊ ဆီနဲ့ ဆန်များကို ပေးဝေ လှူဒါန်းခဲ့ပါတယ် ။ ခက်ခဲနေတဲ့ ကာလမို့ လက်ခံရရှိသူတွေ ဘယ်လောက် ပီတိဖြစ်လိုက်မလည်း ။ ပရိသတ်ကြီးအတွက် ဝေဠုကျော်ရဲ့ အလှူလေးကို ပြန်လည် ဖော်ပြပေးရင်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Wailu Kyaw Facebook Page 
Photo Credit : Wailu Kyaw Facebook Page 
Source & Photo Credit : Wailu Kyaw Facebook Page 
Source & Photo Credit : Wailu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T