သာကေတ မြို့နယ်အတွင်းက အမှန်တကယ် ခက်ခဲနေတဲ့ အိမ်ထောင်စုတွေအတွက် လိုအပ်တာများကို လှူဒါန်းကူညီပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/76/76cf7393b0f8ddbc7f1a11841762b76a5710d5a9.jpeg
အနုပညာရှင်များ

 ၁၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

မင်းသားကြီး ဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် ဖြစ်သလို လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

သူကိုယ်တိုင်လည်း ဖောင်ဒေးရှင်းတစ်ခု  တည်ထောင်ထားပြီး  အဖွဲ့သားများနဲ့အတူ  လိုအပ်တဲ့ နေရာများကို ကိုယ်တိုင် သွားရောက် လေ့လာကာ  ကူညီလှူဒါန်းပေးနေတာတွေကို  မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလွန်းလှပါတယ်နော်။ ဒီလို အနစ်နာခံကာ သူတစ်ပါးအပေါ် ကူညီတတ်တာတွေကြောင့်  ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာပါ။ 

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

ကိုယ်ကျိုးမကြည့်ဘဲ နေ့စဉ်တိုင်း မမောနိုင်မပန်းနိုင်အောင်  အခက်အခဲတွေ ကြားကနေ သွားရောက်ကာ အများအကျိုး လုပ်ဆောင်နေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ အခုလည်း သာကေတ မြို့နယ် အတွင်းက အမှန်တကယ် လိုအပ်နေတဲ့ အိမ်ထောင်စု (၂၀) ကို ရွေးချယ်ပြီး တစ်အိမ်ထောင်ကို ဆန်၃ပြည် ၊ ဆီ ၅၀သား ၊ ကြက်ဥ ၁၀လုံး ၊ အဝတ်အထည် ၁ထုပ် တို့ကို လှူဒါန်းခဲ့ပါတယ် ။ ဝေဠုကျော်ရဲ့ အလှူလေးကို ဝေမျှပေးရင်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T