ဖိလစ်ပိုင်နိုင်ငံမှာ နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ Dingdong Dantes နဲ့ Marian Rivera တို့ဇနီးမောင်နှံနှစ်ယောက်က (၂၀၁၄)ခုနှစ်၊ဒီဇင်ဘာလ (၃၀)ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ကြတာ အခုဆိုရင် အိမ်ထောင်သက်တမ်း(၇)နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။အဲ့ဒီ (၇)နှစ်အတွင်းမှာ Marian Rivera က ချစ်စရာသမီးလေးတစ်ယောက်နဲ့သားလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။သမီးကြီးလေးဆိုရင် မိဘနှစ်ပါးရဲ့အနုပညာသွေးတွေစီးဆင်းနေတာကြောင့် ငယ်ငယ်လေးနဲ့ အဆို၊အကတွေ ဝါသနာပါနေတာဖြစ်ပါတယ်။

Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc

Marian တို့ဇနီးမောင်နှံနှစ်ယောက်လုံးက ထူးချွန်ကြတဲ့အနုပညာရှင်တွေဖြစ်လို့ ဆုတွေလည်းအများကြီးရရှိထားတာဖြစ်ပါတယ်။Dingdong Dantes ကတော့ အပြုံးချိုချိုလေးကိုပိုင်ဆိုင်ထားတဲ့ ချစ်ဇနီးချောလေးနဲ့ သားသမီးတွေကို အရမ်းဂရုစိုက်ပေးတာဖြစ်ပါတယ်။ဒါ့ကြောင့် Marian ရဲ့အိမ်ထောင်ရေးလေးက သာယာစိုပြေပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်နိုင်တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ Dingdong နဲ့ Marian တို့ကအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်လျက်ရှိပါတယ်။

Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc

အနုပညာအလုပ်တွေလုပ်ဆောင်နေပေမယ့် သူမတို့ဇနီးမောင်နှံနှစ်ယောက်က သမီးနဲ့သားကိုတော့ ပျော်စရာတွေဖန်တီးပေးပြီး အချိန်ပေးဂရုစိုက်ကြပါတယ်။Marian ကလည်း ကလေးနှစ်ယောက်မိခင်လို့ထင်ရက်စရာမရှိလောက်အောင် ပျိုမျစ်နုနယ်နေတာပဲဖြစ်ပါတယ်။အရမ်းကြင်နာယုယပေးပြီး ဂရုစိုက်တတ်တဲ့ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားလို့ အမြဲပြုံးပျော်ရွှင်ပြီး အရမ်းလှပနေတဲ့ Marian Rivera ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc

Source&Photo Credit:Marian Rivera’s Fb acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။