မြေဧကများစွာကျယ်ဝန်းတဲ့ သူ့ရဲ့ခြံထဲတွင် ရှုတင်အိမ်လေးတွေများစွာ ဆောက်လုပ်ထားတာကို ဗီဒီယိုရိုက်ပြီး ပြသလာတဲ့ နေထူးနိုင်

//s9.kh1.co/9d/9d0a6de6c9a6f8d3591d3746f78c4ae2c5e2af3d.jpeg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် နေထူးနိုင်ကတော့ ဗီဒီယိုဇာတ်ကားလောကထဲမှာ ယနေ့ချိန်ထိ အောင်မြင်မှုတွေ ရရှိထားတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ ဇာတ်ကားတော်တော်များများကိုလည်း ကိုယ်တိုင်စိတ်ကူးပုံဖော်ပြီး ရိုက်ကူးနေသူလည်းဖြစ်ပါတယ်။ ရေနံချောင်းမှာရှိတဲ့ သူ့ရဲ့ ကိုယ်ပိုင်ခြံဝန်းကြီးထဲမှာ ရှုတင်အိမ်လေးတွေ များစွာတည်ဆောက်ပြီးဇာတ်ကားပေါင်းများစွာ ရိုက်ကူးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ 

Photo Crd-Nay Htoo Naing’s Facebook Account 
Photo Crd-Nay Htoo Naing’s Facebook Account 
Photo Crd-Nay Htoo Naing’s Facebook Account&nbsp;<br>
Photo Crd-Nay Htoo Naing’s Facebook Account 

သို့ပေမယ့်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကိုဗစ်ရောဂါပြန့်ပွားမှုတွေ ဖြစ်ပွားနေတာကြောင့်ဇာတ်ကားရိုက်ကူးမှုတွေ နှောင့်နှေးနေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေနံချောင်းရှိ သူ့ရဲ့ခြံထဲမှာ အပင်လေးတွေစိုက်ပျိုးဖို့ ပြင်ဆင်လျက်ရှိနေတာ ဖြစ်ပါတယ်။ မနေ့ညနေက နေထူးနိုင်ရဲ့ လူမှုကွန်ယက်တွင် သစ်ပင်စိုက်ပျိုးမြေကြီးတွေ တူးနေစဉ်မှာ မိုးရွာသွားတာကြောင့် အစီအစဉ်ပျက်သွားကြောင်း ပရိသတ်တွေကို live လွှင့်ပြီး ပြောပြလာခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Nay Htoo Naing’s Facebook Account&nbsp;
Photo Crd-Nay Htoo Naing’s Facebook Account 
Photo Crd-Nay Htoo Naing’s Facebook Account&nbsp;
Photo Crd-Nay Htoo Naing’s Facebook Account 

ဒါ့အပြင် ခြံထဲမှာ ရှိတဲ့ ရှုတင်အိမ်လေးတွေများစွာ တည်ဆောက်ထားတာကိုလည်း ပရိသတ်တွေကို ပြသခဲ့သေးတာ ဖြစ်ပါတယ်။ ဒီအိမ်တွေကိုတော့ ရိုက်ကူးရေးအဖွဲ့သားတွေ နေထိုင်ရန် စီစဉ်ထားကြောင်းကိုလည်း live ထဲတွင် ပြောသွားပါသေးတယ်။ နေထူးနိုင်ပိုင်ဆိုင်တဲ့ မြေဧကများစွာကျယ်ဝန်းတဲ့ ခြံအကျယ်ကြီးကို မြင်တွေ့ရနိုင်စေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Nay Htoo Naing’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T