မင်းမော်ကွန်းကတော့ မြို့ပေါ်မှာကတည်းက ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးကနေပါဝင်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တာ ဖြစ်ပါတယ် ။ ပုဒ်မ (၅၀၅)ကနဲ့ ဝရမ်းထုတ်ခံရတဲ့အချိန်မှာတော့ မင်းမော်ကွန်းအနေနဲ့ အာဏာရှင်တွေလက်က လွတ်မြောက်ဖို့အတွက် မနည်းရှောင်တိမ်းခဲ့ရတာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ မင်းမော်ကွန်းက သူ့ရဲ့မိသားစုတွေကိုပါခေါ်ပြီး လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Ye Min's FB Acc

သူ့ရဲ့ဇနီးနဲ့ သားနှစ်ယောက်ကလည်း အိမ်ထောင်ဦးစီးဖြစ်တဲ့ မင်းမော်ကွန်းရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီး သူနဲ့အတူ လိုက်ပါလာခဲ့တာ ဖြစ်ပါတယ် ။ အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရပေမယ့်လည်း အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်နေတဲ့ မင်းမော်ကွန်းတို့မိသားစုကို ပြည်သူတွေကလည်း လေးစားနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ဒါရိုက်တာ သည်ခေတ်နေက သူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ ကိုပေါက်နဲ့မင်းမော်ကွန်းတို့ရှိတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Kyaw Kyaw Htay Lwin's FB Acc
Photo Credit-Thomas's FB Acc

ဒီနေ့မှာပဲ ဒါရိုက်တာသည်ခေတ်နေက ကိုပေါက်၊ ကိုရဲမင်း၊ မင်းမော်ကွန်းရဲ့သားကြီးတို့နဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်တစ်ခုကို မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ် ။ မင်းမော်ကွန်းရဲ့သားကြီးကတော့ ဖခင်ဖြစ်သူရဲ့သတ္တိသွေးတွေ အပြည့်ပါသူပီပီ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတာပဲ ဖြစ်ပါတယ် ။ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက်၊ သည်ခေတ်နေနဲ့ မင်းမော်ကွန်းရဲ့သားကြီးဖြစ်သူတို့ရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-The Khit Nay's FB Acc

Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။