ထိပ်စီးပြောင်းတဲ့ မွေးနေ့လေးမှာ ပြုလုပ်ဖြစ်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပရိသတ်တွေအား ဝေမျှပေးလာတဲ့ နီနီခင်ဇော်

//s9.kh1.co/58/58cf80db217ed87c20f896b7f00cf9914ae40d39.jpeg
အနုပညာရှင်များ

 ၃၁-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် နီနီခင်ဇော်ကတော့ သီချင်းတွေကို ကိုယ်ပိုင်ဟန်ဖြင့် ပရိသတ်တွေ အခါခါနားဆင်ချင်အောင် သီဆိုနိုင်သူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများတွင်လည်း တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ပေးခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေက ချီးကျူးနေကြတာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုလေ့ရှိတဲ့ အဆိုတော် နီနီခင်ဇော်ရဲ့ မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။ 

Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 

မွေးနေ့ရက်လေးမှာ ဥပုသ် သီလဆောက်တည်ဖြစ်ပြီး ဆုတောင်းပေးသူများရဲ့ မေတ္တာကို ရရှိပြီး ချမ်းမြေ့ရကြောင်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားတာ ဖြစ်ပါတယ်။ မသေခင်စပ်ကြား ရှင်သန်ရဦးမယ့်နေ့ရက်တွေကို အကောင်းမြင်တတ်ခြင်းနဲ့ ဖြတ်သန်းတတ်ဖို့ လေ့ကျင့်သင်ကြားနေဆဲ ဖြစ်ကြောင်းကိုလည်း နီနီခင်ဇော်မှ ဝေမျှပေးထားပါတယ်။ သူမရဲ့ ထိပ်စီးပြောင်းတဲ့ မွေးနေ့လေးမှာ လိုအပ်တဲ့ နေရာတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 

ပြည်သူတွေအားလုံး စစ်မှန်သော အမှန်တရားရရှိပိုင်ဆိုင်ပြီး အမြန်ဆုံး စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်များနဲ့ ချစ်ခင်ရတဲ့ ဂီတလောကမှ ညီအစ်ကိုမောင်နှမများကလည်း သူတို့ရဲ့လူမှုကွန်ယက်များမှတစ်ဆင့် နီနီအတွက် မွေးနေ့ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။ နီနီခင်ဇော်တစ်ယောက်မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်ခင်ရသူများနဲ့ ပျော်ရွှင်စွာနေထိုင်ရပြီး ဂီတလောကမှာလည်းအောင်မြင်မှုတွေများစွာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့ Myanmarload Media မိသားစုမှ ဆုမွန်ကောင်းတောင်းပေးရင်းနဲ့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Ni Ni Khin Zaw’s Facebook Account 

Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T