အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေကို အောက်ဆီဂျင်အိုးတွေ ပို့ဆောင်ကူညီပေးခဲ့တဲ့ အိစိကွေး

//s9.kh1.co/5c/5ca8f23324337039a4d412edd113af6a4d67f7d4.jpeg
အနုပညာရှင်များ

 ၂၃-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်အိစိကွေးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအတွက် တတ်နိုင်သလောက်ဖေးမ ကူညီနေတာ ဖြစ်ပါတယ်..။

အောက်ဆီဂျင် အရေးတကြီးလိုအပ်နေတဲ့ လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေဝယ်ယူကာ လေကိုယ်တိုင်တန်းစီဖြည့်ပြီး တတ်နိုင်သလောက် လူ့အသက်တွေ ကူညီကယ်ဆယ်ပေးနေတာ ဖြစ်ပါတယ်..။

Photo Credit - Eisi Kway's Fb Acc
Photo Credit - Eisi Kway's Fb Acc

​အိစိကွေးကတော့ လူနာပြည်သူတွေအတွက် သူကိုယ်တိုင်အပင်ပန်းခံကာ အောက်ဆီဂျင်အိုးတွေ တိုက်ပေါ်ကို ထမ်းပြီးပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်..။

လတ်တလောမှာ ဆိုးရွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အများပြည်သူအသက်ဘေးအန္တရာယ်တွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့အချိန်မှာ ပြည်သူတွေအားလုံးနဲ့ အတူ လုပ်နိုင်တဲ့ဘက်ကနေ နိုင်ရာဝန်ကို ထမ်းနေတာပဲ ဖြစ်ပါတယ်..။

Photo Credit - Eisi Kway's Fb Acc
Photo Credit - Eisi Kway's Fb Acc
Photo Credit - Eisi Kway's Fb Acc
Photo Credit - Eisi Kway's Fb Acc

"အမှတ်တရတွေအများကြီးနဲ့နေ့ပါပဲ

O2 လာရှူပါပြောထားပေမယ့် လိုအပ်တော့လည်း ကိုယ်တိုင်သယ်ပြီးသွားပို့ဖြစ်တာပါပဲ

ကယ်လိုက်ရတဲ့အသက်တစ်ခု ရှိသလို မိနစ်ပိုင်းနောက်ကျသွားလို့ လက်လွှတ်လိုက်ရတဲ့အသက် လည်းရှိတယ် 

ကယ်လိုက်ရလို့ပျော်ရတဲ့ အပျော်ရှိသလို

မကယ်နိုင်ခဲ့လို့ အရုပ်ကြိုးပြတ် ဖြစ်သွားရတဲ့အချိန်လည်း ရှိခဲ့တယ်

ပြီးတော့လည်း O2 refill လည်းကိုယ်တိုင်ပဲ ည ၁၀ နာရီမှ အိမ်အတွက် အိုးဖြည့်ပြီး ပြန်ရောက်တော့တယ်

ကူညီပေးကြတဲ့သူတွေကိုလည်းကျေးဇူးပါ

ဘေးကနေ တောက်လျှောက်လိုက်ကူညီပေးတဲ့သူကိုလည်း ကျေးဇူးအထူးပါဗျာ.." ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

အခုလို လိုအပ်နေတဲ့ပြည်သူတွေအတွက် ကိုယ်တိုင်အပင်ပန်းခံကြိုးစားပါဝင် အားဖြည့်ပေးနေတဲ့ အိစိကွေးကို အားလုံးက ကျေးဇူးတင်ချီးကျူးနေကြတာ ဖြစ်ပါတယ်..။

Photo Credit - Eisi Kway's Fb Acc
Photo Credit - Eisi Kway's Fb Acc

သတင်း အရင်းအမြစ်Eisi Kway's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T