ချစ်သူသက်တမ်း၅နှစ်ပြည့်လေးကိုဆိုးတူကောင်းဖက်အတူ ဖြတ်သန်းကြရင်း လွတ်မြောက်နယ်မြေကစာသင်ကျောင်းလေးအတွက် လှူဒါန်းခဲ့တဲ့မေဦးနဲ့ဟန်လင်း

//s9.kh1.co/53/5384a01251ce03054aede1ec59a953ff99e3a4de.jpg
အနုပညာရှင်များ

 ၂၃-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မေဦးနဲ့ဟန်လင်းတို့ချစ်သူနှစ်ဦးကတော့ အရေးတော်ပုံကြီးအောင်မြင်ရေးမှာ ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် တက်တက်ကြွကြွပါ၀င်ခဲ့ကြသူတွေဖြစ်ပြီး အခုဆိုရင်လည်း လွတ်မြောက်နယ်မြေမှာစစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။ ဆိုးတူကောင်းဖက်အတူဖြတ်သန်းနေကြတဲ့ မေဦးတို့ချစ်သူနှစ်ဦးဟာ ဒီနေ့မှာ‌ဆိုရင် ချစ်သူသက်တမ်း၅နှစ်ပြည့်ခဲ့ကြပြီဖြစ်ပါတယ်.....။

Photo credit-​ May Oo's Facebook acc
Photo credit-​ May Oo's Facebook acc

ချစ်သူသက်တမ်း ၅နှစ်ပြည့်လေးကိုလည်း လွတ်မြောက်နယ်မြေမှာ နှစ်ယောက်သားအေးအတူပူအမျှဖြတ်သန်းကြရင်း အလှူဒါနလေးတစ်ခုလည်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း မေဦးဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ "ကိုယ်အဆင်မပြေခက်ခဲပေမယ့် မေဦးတို့ထက်အဆင်မပြေခက်ခဲတဲ့ခလေးတွေရဲ့ ကျောင်းလေး ဘေးအကာကာဖို့အတွက်လေးစားပြီးချစ်ရတဲ့သူတွေစီက လက်ဆောင်ရခဲ့ ရွှေဆွဲကြိုးလေးကိုရောင်းပြီး 5 years anniversary နဲ့ ဝါဆိုလပြည့်နေ့ အမှတ်တစ်ရလှူဖြစ်ခဲ့ပါတယ်.....။

Photo credit-​ May Oo's Facebook acc
Photo credit-​ May Oo's Facebook acc
Photo credit-​ May Oo's Facebook acc
Photo credit-​ May Oo's Facebook acc

"ကျောင်းလေးကတော်တော်မပြည့်စုံပေမယ့်ဒီမှာရှိတဲ့ ဆရာဆရာမတွေရဲ့ မေတ္တာကတော့ ပြီးပြည့်စုံလွန်းပါတယ်❤️ ခလေးတွေကိုကြည့်ပြီးတော့လည်း ကိုယ့်ရဲ့ကျန်ရှိနေသေးတဲ့ဘဝမှာ မိမိရဲ့ပတ်ဝန်းကျင်ပြီးပြည့်စုံအောင်ဖြည့်စည်းပေးချင်တဲ့ စိတ်က အရင်ထက်ပိုပြီးဖြစ်မိတယ်??
မေဦးတို့ကို မျှော်လင့်ခြင်းမရှိ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာအပြည့်နဲ့မိသားစုလို စောင့်ရှောက်ပေးတဲ့
ဆရာ ဆရာမတွေနဲ့ ကရင်တိုင်းရင်းသားတွေကို ကျေးဇူးအရမ်းတင်ပါတယ် ကရင်လူမျိုးတွေကို အရင်ထက်အရမ်းလည်းပိုချစ်မိတယ်❤️❤️❤️ #LoveKaren အားလုံးအေးဆေးဖြစ်သွားတဲ့တစ်နေ့ကြရင်တော့ February 2 ရက်နေ့ မတရားဝရမ်းထုတ်တဲ့နေ့ကစပြီး ယနေ့ထိကြုံခဲ့ရတဲ့ ကြမ်းတမ်းတဲ့ခရီးလမ်းအကြောင်း ရင်ဖွင့်ချင်ပါသေးတယ်……."ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ May Oo's Facebook acc
Photo credit-​ May Oo's Facebook acc
Photo credit-​ May Oo's Facebook acc
Photo credit-​ May Oo's Facebook acc

သတင်း အရင်းအမြစ်May Oo's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T