နှလုံးရောဂါအခံရှိပြီး အောက်ဆီဂျင်ထိုးကျသွားတာကြောင့် အချိန်မတိုင်ခင်မှာပဲ စောစီးစွာ ကြွေလွင့်သွားခဲ့ရတဲ့ လူကြမ်းသရုပ်ဆောင် အရိုင်းမင်း

//s9.kh1.co/66/660f8271f139d4499da5b81cb2978789fd04b7b8.jpeg
အနုပညာရှင်များ

 ၂၃-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

အောက်ဆီဂျင် ပြတ်လပ်မှုပြသနာဟာ လတ်တလောအခြေအနေမှာ အတော်လေးကို ဆိုးရွားနေတာ ဖြစ်ပါတယ်။ကပ်ရောဂါဆိုးကြီးကြောင့် အနုပညာလောကမှ ကြယ်ပွင့်များလည်း များစွာကြေလွင့် ပျောက်ကွယ်နေကြတာကိုစိတ်မကောင်းစွာဖြင့် မြင်တွေ့နေရပါတယ်။ ဒီနေ့မနက်မှာလည်း လူကြမ်းသရုပ်ဆောင် အရိုင်းမင်း အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သူချစ်ရတဲ့ မိသားစုဝင်များနဲ့ အပြီးတိုင် စွန့်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

သရုပ်ဆောင် အရိုင်းမင်းဟာ ဝါဆိုလပြည့်နေ့ မနက်ပိုင်းတွင် သန်လျင်ဘုရားကုန်းကျေးရွာနေအိမ်တွင် အောက်ဆီဂျင်ကျပြီး ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ အစကတည်းက နှလုံးရောဂါအခံရှိတယ်လို့လည်း ကြားသိရပါတယ်။လူကြမ်းသရုပ်ဆောင် အရိုင်းမင်းဟာ မြန်မာ့ရိုးရာလက်ဝှေ့သမားဘဝကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နှစ်ပေါင်း (၄၀) ကျော်တိုင်အောင် ကျရာဇာတ်ရုပ်များတွင် ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

အနုပညာလောကမှ ညီအစ်ကိုမောင်နှမများကလည်း သရုပ်ဆောင် အရိုင်းမင်း ကွယ်လွန်တဲ့ သတင်းကြားပြီးအတော်လေးကို စိတ်မကောင်း ဖြစ်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှာလည်း ရွှေမန်းသဘင် တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့မှ ဟာသလူရွှင်တော် ဦးဒီလုံးလည်း သွေးပေါင်ကျပြီး ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။ကွယ်လွန်ကြသူများအားလုံး ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader and Myo Win’s Facebook Account 

Photo Crd-Myo Win’s Facebook Account 
Photo Crd-Myo Win’s Facebook Account 
Photo Crd-Myo Win’s Facebook Account 
Photo Crd-Myo Win’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T