ကိုဗစ်ကူးစက်ခံထားရပြီး အနံ့ပျောက်နေပြီဖြစ်ကြောင်း ပရိသတ်တွေကိုအသိပေးလာတဲ့ လူရွှင်တော် ဦးငြိမ်းချမ်း

//s9.kh1.co/80/80d4aad9c3110369ddf6327a908f1aae973337c8.jpg
အနုပညာရှင်များ

 ၂၃-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ကူးစက်မှုတွေတစ်ကျော့ပြန်လည်ဖြစ်ပေါ်နေတဲ့ ကိုဗစ် Third waveရဲ့အရှိန်ကြောင့် မြန်မာပြည်သူအတော်များများလည်းကူးစက်ခံနေရပြီး အနုပညာရှင်အချို့လည်းကူးစက်ခံနေရကာ အသက်ဆုံးရှုံးမှုတွေအထိဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့်သေဆုံးရတဲ့ ပြည်သူချစ်အနုပညာရှင်ကြီးတွေလည်း တစ်နေ့တခြားများပြားလာနေပြီး အောက်ဆီဂျင်ပြတ်လပ်မှုတွေကြောင့် အများစုမှာသေဆုံးနေကြရတာတွေ့ရပါတယ်။

Photo credit-​ Nyein Chan's Facebook acc
Photo credit-​ Nyein Chan's Facebook acc

မကြာသေးမီကလည်း လူရွှင်တော်ဦးငြိမ်းချမ်းဟာ ကိုဗစ်ကူးစက်ခံထားရကြောင်း သူ့ရဲ့ Facebookစာမျက်နှာကနေတစ်ဆင့်အသိပေးလာခဲ့ပါတယ်။ "ဒီနေ့ အနံ့ပျောက်သွားပီး ဖျားနေပီ ကိုယ်ခန္ဓာတခုလုံး အသားတွေနာတယ် အကြောတွေတက်နေတယ် ငါမရှိလို့မဖြစ် ငါ့မိသားစုအတွက်ငါနေကောင်းရမယ် အကောင်းဆုံးကျော်ဖြတ်နိုင်ရမယ်...."ဆိုပြီး ရေးသားထားခဲ့တာဖြစ်ပါတယ်။

Photo credit-​ Nyein Chan's Facebook acc
Photo credit-​ Nyein Chan's Facebook acc
Photo credit-​ Nyein Chan's Facebook acc
Photo credit-​ Nyein Chan's Facebook acc

ဦးငြိမ်းချမ်းအခုလို ကိုဗစ်ကူးစက်ခံထားရတာကြောင့် ပရိသတ်တွေလည်းစိတ်မကောင်းဖြစ်ကြပြီး အားပေးစကားတွေပြောပေးနေကြတာတွေ့ရပါတယ်။ ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေနိုင်တဲ့ ဦးငြိမ်းချမ်းတစ်ယောက် အသက်အရွယ်လည်းကြီးရင့်နေပြီဖြစ်တာကြောင့် ပရိသတ်တွေကစိုးရိမ်ပူပန်နေကြတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Nyein Chan's Facebook acc
Photo credit-​ Nyein Chan's Facebook acc
Photo credit-​ Nyein Chan's Facebook acc
Photo credit-​ Nyein Chan's Facebook acc

သတင်း အရင်းအမြစ်Nyein Chan's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T