Covid ဖြစ်နေတဲ့အချိန်မှာ ရေချိုးတာနဲ့ပတ်သက်ပြီး ပြည်သူတွေ တော်တော်များများသိချင်နေတဲ့ မေးခွန်းတွေကို ဖြေပေးလိုက်တဲ့ စိန်ဖြိုးလှိုင်

//s9.kh1.co/e5/e553ab6a283615bdd6085f839362d51c958a1d4e.jpg
အနုပညာရှင်များ

 ၂၂-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

Covid ဖြစ်နေတဲ့အချိန်မှာ ရေချိုးတာနဲ့ပတ်သက်ပြီး ပြည်သူတွေ တော်တော်များများသိချင်နေတဲ့ မေးခွန်းတွေကို ဖြေပေးလိုက်တဲ့ စိန်ဖြိုးလှိုင်

ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားလာတဲ့အချိန်မှာတော့ အသက်ဆုံးရှုံးနေရတဲ့ ပြည်သူဦးရေက တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာ တွေ့ရပါတယ်။ သုသာန်တွေမှာပါ ရုပ်အလောင်းတွေတန်းစီနေတာကြောင့် မီးသင်္ဂြိုဟ်ဖို့ မနိုင်တော့တဲ့ အခြေအနေကိုပါ ရောက်ရှိနေတာပဲ ဖြစ်ပါတယ် ။ ကိုဗစ်ကူးစက်ခံရသူ အများစုက အောက်ဆီဂျင်ကျချိန်မှာ အချိန်မီလုံလုံလောက်လောက်မရတာကြောင့် အသက်ဆုံးရှုံးနေရတာလည်း ဖြစ်ပါတယ် ။

Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-Sein Phyo Hlaing's FB Acc
Photo Credit-Sein Phyo Hlaing's FB Acc

သရုပ်ဆောင်မောင် (ခေါ်) ဒေါက်တာစိန်ဖြိုးလှိုင်ကလည်း အခုလိုကာလမှာ ပြည်သူတွေအတွက် ကျန်းမာရေးဗဟုသုတတွေကို ပုံမှန်မျှဝေပေးနေသူတစ်ဦး ဖြစ်ပါတယ် ။ အခုလည်း ဒေါက်တာစိန်ဖြိုးလှိုင်က ကိုဗစ်ကြောင့် ရေချိုးလို့မရဘူးလို့ ပြောတာမဟုတ်ကြောင်း ပြည်သူတွေကို ရှင်းပြထားတာတွေ့ရပါတယ်။ စိန်ဖြိုးလှိုင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အားလုံးသိချင်နေတဲ့ မေးခွန်းတွေကို ဖြေကြားပေးထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Sein Phyo Hlaing's FB Acc
Photo Credit-Sein Phyo Hlaing's FB Acc
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page

ကိုဗစ်ဖြစ်နေချိန်မှာ အောက်ဆီဂျင်ကျနေတဲ့သူက လှုပ်လှုပ်ရှားရှားလုပ်ရင် အောက်ဆီဂျင်ပိုကျတာတွေဖြစ်နိုင်တဲ့အတွက် ရေချိုးခြင်းက လူနာကိုပိုမောစေကြောင်း သူကပြောပြထားတာ ဖြစ်ပါတယ် ။ အဖျားမရှိတော့တဲ့သူတွေအနေနဲ့ ရေချိုး၊ခေါင်းလျှော်တာမျိုး ပြုလုပ်နိုင်သလို အဖျားရှိတဲ့သူတွေဆိုရင်တော့ ရေပတ်တိုက်တာမျိုး ပြုလုပ်နိုင်တယ်လို့လည်း သူက ရေးသားထားပါသေးတယ်။ ဒါ့အပြင် ရေချိုးလို့ ပြန်ဖျားတယ်ဆိုပြီးပြောတဲ့သူတွေကို စိန်ဖြိုးက ဆင်ခြင်သင့်တဲ့အချက်တွေကို သေချာရှင်းပြထားတာလည်း တွေ့ရပါတယ်။ ဒေါက်တာစိန်ဖြိုးလှိုင်မျှဝေထားတဲ့စာလေးကို ဗဟုသုတရစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-"Sein Phyo & Yi" FB Page

Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
https://s9.kh1.co/__image/w=650,h=650,q=100/71/71396461af35986d6ffbf5c3d2a45203e5240e3e.jpg
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T