ထိုင်းကပြည်သူတွေအားကျခဲ့ရတဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူရဲ့ စည်းလုံးညီညွတ်မှုကို ထပ်မံသက်သေပြဖို့ တိုက်တွန်းလိုက်တဲ့ မေဦး

//s9.kh1.co/b0/b05eaaaa47e99993187ce3cd9cdbdf3301552e11.jpeg
အနုပညာရှင်များ

 ၂၂-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေ အသက်များစွာ ဆုံးရှုံးနေရသလို လက်ရှိကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဒုက္ခတွေ အမျိုးမျိုးရောက်နေကြရတာပါ..။

မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကို ထိုင်းကပြည်သူတွေ အားကျခဲ့ရသလို မြန်မာတွေက ထိုင်းကိုပြန်အားကျတာမျိုး မဖြစ်စေချင်လို့ တော်လှန်ရေးကို အဆုံးသတ်ဖို့အတွက် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ပါဝင်ကြဖို့ မေဦးက ပြောပြလာပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

ထိုင်းနိုင်ငံဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ Foodpanda မှ ဝန်ထမ်းတွေကို Foodpanda ကုမ္မဏီက ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပြီး တစ်ရက်အတွင်းမှာပဲ ထိုင်းနိုင်ငံသားတွေရဲ့ ညီညွတ်မှုကြောင့် Foodpanda က ပြန်လည်တောင်းပြန်ခဲ့ရတယ်..။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေဦးက မြန်မာပြည်သူတွေကိုလည်း တော်လှန်ရေးမှာ စည်းလုံးညီညွတ်စွာနဲ့ တတ်နိုင်သလောက် အားစိုက်ပါဝင်ကြဖို့တိုက်တွန်းထားတာ ဖြစ်ပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

"နွေဦးတော်လှန်ရေးမှာ ထိုင်း ပြည်သူတွေက မြန်မာပြည်သူတွေကို အားကျခဲ့ရာမှ

မြန်မာပြည်သူတွေက ထိုင်း တွေကိုပြန်အားကျရတာမျိုး မဖြစ်စေချင်လို့

နွေဦးတော်လှန်ရေးကို အဆုံးသတ်ဖို့အတွက် တက်နိုင်သလောက်ထပ်ပြီး ပါဝင်အားစိုက်ကြဖို့တိုက်တွန်းပါတယ် ??❤️.." ဆိုပြီး အားပေးတိုက်တွန်းထားတာ ဖြစ်ပါတယ်..။

လက်ရှိအခြေအနေတွေမှာ ကိုဗစ်ရောဂါတွေအတွက် ပူပင်သောကတွေ များနေကြသလို တော်လှန်ရေးအတွက်လည်း မမေ့မလျော့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

သတင်း အရင်းအမြစ်May Oo's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T