ဒီရက်ပိုင်းမှာ အနုပညာရှင်များနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်သွားခဲ့ကြတာကိုစိတ်မကောင်းစွာဖြင့် မြင်နေ ကြားနေရတာ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း ဝမ်းနည်းစရာသတင်းတစ်ခု လူမှုကွန်ယက်တွင် တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့  ဒီနေ့မနက် (၈:၅၃) မိနစ်တွင် သရုပ်ဆောင် ခန့်စည်သူရဲ့ဖခင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Crd-Kyaw Soe Win’s Facebook Account 
Photo Crd-Kyaw Soe Win’s Facebook Account 

ခန့်စည်သူရဲ့ မိဘနှစ်ပါးစလုံးဟာ ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတွင် မကြာခဏ ဆေးကုသနေရတာဖြစ်ပါတယ်။  ကိုယ်ဖိရင်ဖိ ပြုစုနေရတဲ့ကြားက ဖခင်ဖြစ်သူ ကွယ်လွန်သွားတာကြောင့် ခန့်စည်သူတစ်ယောက်ဝမ်းနည်းခံစားနေရမှာ အသေအချာပါပဲ။ အနုပညာလောကမှ ညီအစ်ကိုမောင်နှမများကလည်း ခန့်စည်သူရဲ့ ဖခင်ကွယ်လွန်သွားတဲ့အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း သူတို့ရဲ့လူမှုကွန်ယက်တွင် ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo Crd-Kyaw Soe Win’s Facebook Account 
Photo Crd-Kyaw Soe Win’s Facebook Account 

ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေ သက်ရှိထင်ရှားရှိနေချိန်မှာ အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ပေးသင့်ပါတယ်။ကိုယ်နေထိုင်ရာပတ်ဝန်းကျင်မှာလည်း ရောဂါကူးစက်မှုတွေ အတော်လေးကို ပြန့်နှံ့နေပြီဖြစ်တာကြောင့်ဂရုတစိုက်နေထိုင် သင့်ပါတယ်။ သရုပ်ဆောင် ခန့်စည်သူရဲ့ ဖခင်လည်း ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader and Kyaw Soe Win’s Facebook Account 

Photo Crd-Kyaw Soe Win’s Facebook Account 
Photo Crd-Kyaw Soe Win’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။