သတင်းမှားဖြန့်ဝေတယ်ဆိုပြီး ထိုင်းအစိုးရရဲ့ Warning ပေးခံရတဲ့စာရင်းမှာ နာမည်ကြီးအနုပညာရှင်တွေပါဝင်နေလို့ စိုးရိမ်နေကြတဲ့ပရိသတ်များ

//s9.kh1.co/e5/e596c1565194d4d397e86bab918e0c173d2d09ec.jpg
အနုပညာရှင်များ

 ၂၂-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သတင်းမှားဖြန့်ဝေတယ်ဆိုပြီး ထိုင်းအစိုးရရဲ့ Warning ပေးခံရတဲ့စာရင်းမှာ နာမည်ကြီးအနုပညာရှင်တွေပါဝင်နေလို့ စိုးရိမ်နေကြတဲ့ပရိသတ်များ

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင်လည်း ပြည်သူတွေက ဆန္ဒပြပွဲတွေပြုလုပ်ပြီး အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြတာ ဖြစ်ပါတယ် ။ ဒီလိုအခြေအနေတွေ ဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံမှာ အစိုးရကိုဆန့်ကျင်တဲ့ ထိုင်းအနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ်ပြီး ခြိမ်းခြောက်တာမျိုးတွေပါ ပြုလုပ်နေကြောင်း သတင်းတွေထွက်ပေါ်နေတာလည်း ဖြစ်ပါတယ် ။ Covid-19 အခြေအနေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တဲ့ ထိုင်းအနုပညာရှင်တွေကို သတင်းအမှားဖြန့်ဝေတယ်ဆိုပြီး သတိပေးတာတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ယခုလက်ရှိမှာ စာရင်းထုတ်ခံထားရတဲ့ ထိုင်းအနုပညာရှင် အယောက် (၂၀)စာရင်းမှာတော့ နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ Mark Pin, Kimberley နဲ့ YaYa Urassya တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ် ။ သူတို့အနေနဲ့ ဝရမ်းထုတ်ခံထားရတဲ့စာရင်းမှာ မပါဝင်သေးပေမယ့်လည်း Warning ပေးခံထားရတဲ့ အခြေအနေမှာရှိနေတာ ဖြစ်ပါတယ် ။ အသက် (၁၈)နှစ်အရွယ်သာရှိသေးတဲ့ Rap အဆိုတော်မလေး Milli ကိုတော့ ထိုင်းအစိုးရက ဝရမ်းထုတ်ထားပြီဖြစ်တာကြောင့် ထိုင်းအနုပညာရှင်တွေက သူမအတွက် Twitter မှာ Speak Out လုပ်ပေးနေကြတာလည်း တွေ့ရပါတယ်။

Photo Credit-Mark Pin's IG Acc
Photo Credit-Mark Pin's IG Acc
Photo Credit-Kimberley's IG Acc
Photo Credit-Kimberley's IG Acc
Photo Credit-YaYa's IG Acc
Photo Credit-YaYa's IG Acc

ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ Daradaily ဖော်ပြခဲ့တဲ့ အနုပညာရှင် (၁၂)ယောက်ကတော့ Nui Chernyim,Tuk Siriporn,King the Comedian, Ekkachai (Folk song Singer),Petch Karunpon, Pui Pimonwan,Max Jenmana, Mark Prin,Yaya Urassaya ,Kimberly နဲ့ Milli တို့ပဲ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံက ပရိသတ်တွေကတော့ သူတို့ချစ်ရတဲ့ ထိုင်းအနုပညာရှင်အတွက် စိုးရိမ်နေကြပြီး ဘေးကင်းစေဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ်။

Source & Photo Credit-Dara Daily News

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Kimberley's IG Acc
Photo Credit-Kimberley's IG Acc
Photo Credit-Dara Daily News
Photo Credit-Dara Daily News
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T