ဇွန်လမှာ မိခင်ကိုဆုံးရှုံးထားရပြီး ဒီနေ့လည်း ဖခင်ဖြစ်သူကွယ်လွန်သွားလို့ အရမ်းဝမ်းနည်းကာ ခံစားနာကျင်နေရတဲ့ ခွန်းဆင့်နေခြည်

//s9.kh1.co/d3/d3f3e0f1b6da410eb733604030390448318f8c69.jpeg
အနုပညာရှင်များ

 ၂၂-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဇွန်လမှာ မိခင်ကိုဆုံးရှုံးထားရပြီး ဒီနေ့လည်း ဖခင်ဖြစ်သူကွယ်လွန်သွားလို့ အရမ်းဝမ်းနည်းကာ ခံစားနာကျင်နေရတဲ့ ခွန်းဆင့်နေခြည်

သရုပ်ဆောင် ခွန်းဆင့်နေခြည်ကတော့ မိဘအပေါ်မှာ အရမ်းသိတတ်လိမ္မာတဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။သူမရဲ့မိခင် သက်ရှိထင်ရှားရှိစဉ်အချိန်ကလည်း အရမ်းဂရုစိုက်ပေးပြီး လိုလေသေးမရှိအောင်ထားပေးတာပဲဖြစ်ပါတယ်။သူမက နယူးယောက်ကိုရောက်နေရင်တောင် မိခင်ရဲ့အခြေအနေကို CCTV ကနေလှမ်းကြည့်ပြီး သေချာစောင့်ရှောက်တာဖြစ်ပါတယ်။ခွန်းဆင့်နေခြည်ရဲ့မိခင်ကတော့ ဇွန်လ(၁)ရက်နေ့ကပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit:Khunn Sint Nay Chi’s Fb page

မိခင်တစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတာကြောင့် ခွန်းဆင့်နေခြည်လည်း အရမ်းဝမ်းနည်းခဲ့ရတာဖြစ်ပါတယ်။မိခင်ဆုံးပါးချိန်မှာ သူမက နယူးယောက်ကို ရောက်ရှိနေတာကြောင့် နောက်ဆုံးတွေ့ခွင့်ရဖို့ကို Video callနဲ့ပဲကန်တော့ခဲ့ရတာပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်လည်း သူမအတွက် စိတ်မကောင်းစရာသတင်းကို ထပ်မံကြားသိခဲ့ရပါတယ်။အဲ့ဒါကတော့ ဒီနေ့ ဇူလိုင်လ(၂၂)ရက်၊မြန်မာစံတော်ချိန်မနက် (၆)နာရီမှာ ဖခင်ဖြစ်သူ ဆုံးသွားပြီဆိုတဲ့ဝမ်းနည်းစရာအကြောင်းလေးပဲဖြစ်ပါတယ်။

Photo Credit:Khunn Sint Nay Chi’s Fb page
Photo Credit:Khunn Sint Nay Chi’s Fb page
Photo Credit:Khunn Sint Nay Chi’s Fb page
Photo Credit:Khunn Sint Nay Chi’s Fb page
Photo Credit:Khunn Sint Nay Chi’s Fb page
Photo Credit:Khunn Sint Nay Chi’s Fb page

ခွန်းဆင့်နေခြည်က ၂၀၂၁ခုနှစ်မှာ အဖေ၊အမေ၊အစ်ကို သုံးယောက်လုံးကို ဆုံးရှုံးလိုက်ရတာကြောင့် အရမ်းခံစားနေရတာဖြစ်ပါတယ်။ဖခင်ဖြစ်သူဆုံးပါးချိန်မှာလည်း သူမက နယူးယောက်ကနေ ပြန်လာလို့မရသေးတဲ့အခြေအနေဖြစ်ပါတယ်။ခွန်းဆင့်နေခြည်ကတော့ လူတိုင်ကိုယ်စီမှာ သောကတွေရှိနေတာကြောင့် သူမရဲ့ခံစားချက်တွေကိုတော့ အကျယ်တဝင့်မဖော်ပြထားပေမယ့် ဘယ်လောက်ခံစားနေရမလဲဆိုတာကို ကိုယ်ချင်းစာမိပါတယ်။ဒါ့ကြောင့် သူမရဲ့ဖခင်ကွယ်လွန်သွားတာကို ထပ်တူဝမ်းနည်းမိရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khunn Sint Nay Chi’s Fb page
Photo Credit:Khunn Sint Nay Chi’s Fb page
Photo Credit:Khunn Sint Nay Chi’s Fb page
Photo Credit:Khunn Sint Nay Chi’s Fb page
Photo Credit:Khunn Sint Nay Chi’s Fb page
Photo Credit:Khunn Sint Nay Chi’s Fb page

Source&Photo Credit:Khunn Sint Nay Chi’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T