ကိုဗစ်တတိယလှိုင်းမှာ positive ဖြစ်တဲ့သူနဲ့ နီးနီးကပ်ကပ် ထိတွေ့မိပေမယ့် ရောဂါလက္ခဏာလုံးဝ မပြတာကြောင့် ထူးဆန်းအံ့ဩနေတဲ့ သားငယ်

//s9.kh1.co/24/249ff1f94ae7572b35842f0c4504b6c7f1e12cb6.jpeg
အနုပညာရှင်များ

 ၂၂-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် သားငယ်ဟာ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတဲ့အတွက် ဘေးကင်းရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ သူတိမ်းရှောင်တဲ့နေရာမှာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရသူတွေ ရှိနေကြောင်း ပရိသတ်တွေကိုအသိပေး ဝေမျှထားပါသေးတယ်။ သားငယ်ဟာ ကိုဗစ်ဒုတိယလှိုင်းမှာ Positive ဖြစ်ဖူးပြီး အခု တတိယလှိုင်းမှာလည်း ရောဂါဖြစ်နေသူနဲ့ အနီးကပ်ထိတွေ့ထားပေမယ့် အခုချိန်ထိ ဘာရောဂါလက္ခဏာမှ မပြသေးတာကြောင့်အံ့ဩနေတာ ဖြစ်ပါတယ်။

Photo Crd-Zaw Win Htun’s Facebook Account 
Photo Crd-Zaw Win Htun’s Facebook Account 
Photo Crd-Zaw Win Htun’s Facebook Account 
Photo Crd-Zaw Win Htun’s Facebook Account 

အခုလို ဘာလက္ခဏာမှ မပြသေးတာကြောင့် စဉ်းစားလို့မရဖြစ်နေပြီး ပရိသတ်တွေကိုပါ သုံးသပ်ပေးကြဖို့ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ မြို့ပြမဟုတ်တဲ့နေရာမှာတောင် positive လူနာသည်တွေ တော်တော်များနေပြီဖြစ်တဲ့အတွက် မြို့က အမျိုးတွေ အားလုံးကို ဂရုစိုက်ဖို့ကိုလည်း မှာကြားနေတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကူးစက်နှုန်းတွေဟာ နေ့စဉ်နှင့်အမျှ များပြားနေတာကို စိတ်မကောင်းစွာဖြင့် ကြားသိနေရပါတယ်။

Photo Crd-Zaw Win Htun’s Facebook Account 
Photo Crd-Zaw Win Htun’s Facebook Account 
Photo Crd-Zaw Win Htun’s Facebook Account 
Photo Crd-Zaw Win Htun’s Facebook Account 

မြို့ပေါ်တွင် နေထိုင်ကြသူတွေသာမကဘဲ တောထဲမှာ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများပါ ကိုဗစ်ရောဂါကူးစက်ခံနေရပြီး အသက်ဆုံးရှုံးမှုတွေကိုပါ ကြုံတွေ့ခံစားနေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အတတ်နိုင်ဆုံး ဘယ်မှမသွားဘဲ အိမ်ထဲမှာ နေထိုင်ခြင်းဟာ ကပ်ရောဂါဆိုးကြီးကို ထိန်းချုပ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရောဂါခံစားနေရသူများလည်း အမြန်ဆုံး သက်သာပျောက်ကင်းပြီး ချစ်ခင်ရသူတွေနဲ့ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Zaw Win Htun’s Facebook Account 

Photo Crd-Zaw Win Htun’s Facebook Account 
Photo Crd-Zaw Win Htun’s Facebook Account 
Photo Crd-Zaw Win Htun’s Facebook Account 
Photo Crd-Zaw Win Htun’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T