သူ့ရဲ့ မိသားစုဝင်များကို အာဏာရှင်လူတစ်စုမှ အိမ်ပေါ်ထိ လက်နက်တွေနဲ့ တက်လာပြီး ခြိမ်းခြောက်ခံရတဲ့ ဖြစ်စဉ်အား ပြောပြခဲ့တဲ့ တိုင်းကျော်

//s9.kh1.co/1f/1fcfae6243e30dc95bc68528c1563d02a3800e39.jpeg
အနုပညာရှင်များ

 ၂၂-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လူရွှင်တော် တိုင်းကျော်ဟာ လက်ရှိအချိန်မှာတော့ လွတ်မြောက်နယ်မြေတွင် တော်လှန်ရေး တိုက်ပွဲများအတွက် ကြိုးစားလုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။ မနေ့က တိုင်းကျော်ရဲ့ မွေးနေ့ဖြစ်ပြီး သူ့ကို ချစ်ခင်ကြတဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ သူငယ်ချင်းများက  လူမှုကွန်ယက်ကနေ မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာတောင် သိပ်မပျော်နိုင်ဘဲ စိတ်မကောင်းစရာသတင်းတစ်ခု ပရိသတ်တွေကို ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 

ဒါကတော့ သူလွတ်မြောက်နယ်မြေသို့ ရောက်ရှိပြီး တော်လှန်ရေးတိုက်ပွဲများအတွက် ပြင်ဆင်နေတာကြောင့် မြို့ပေါ်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်များကို အာဏာရှင်လူတစ်စုက အိမ်ပေါ်ထိတက်ပြီး ခြိမ်းခြောက်ခဲ့ပုံတွေကို ပြောပြလာတာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုတော့ တိုင်းကျော်ရဲ့ ညီမကိုယ်တိုင် သူ့ဆီ စာရေးသားပြောပြခဲ့တာကြောင့် အကြောင်းစုံကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုက သူတို့ရဲ့ အိမ်ပေါ်ကို ဖိနပ်တွေနဲ့ တက်လာကြပြီး အမေ့ပုခုံးပေါ်ကို သေနတ်တင်ထားတဲ့အတွက် မိခင်ဖြစ်သူမှာ အသားတွေ တဆတ်ဆတ်တုန်နေပြီးကြောက်လန့်ခဲ့ကြောင်း ရေးသားထားပါတယ်။ ဖခင်ဖြစ်သူကိုလည်း " ခင်ဗျားသား လိုင်းပေါ်မှာ ဘာတွေတင်လည်း သိတယ်နော် အဘိုးကြီး" လို့ပြောရုံသာမက ညီမဖြစ်သူကိုလည်း " နင့်အစ်ကိုဆိုတဲ့ ကောင်ကို အရေခွံစုတ်မှာ " ဆိုပြီးတော့လည်း ကြမ်းတမ်းစွာ ပြောဆိုခဲ့ကြပါတယ်။ လက်ရှိအချ်ိန်မှာတော့ ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်နေပြီး ကိုယ့်ရပ်ရွာမဟုတ်တာကြောင့် အဆင်မပြေကြောင်း ဝမ်းနည်းစွာ ရေးသားထားပါတယ်။ 

Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 

တောထဲမှာရောက်နေတဲ့ အစ်ကိုနှစ်ယောက်ကိုလည်း အရေးတော်ပုံအောင်သွားတဲ့အခါ ဘေးကင်းစွာနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ ကျန်းမာရေးဂရုစိုက်ကြဖို့ ညီမဖြစ်သူက ရေးသားထားတာ ဖြစ်ပါတယ်။ တိုင်းကျော်ကလည်း   ဒီစာကိုဝေမျှခြင်းဟာ ပရိသတ်တွေကို မျက်ရည်ချူခြင်းမဟုတ်ဘဲ သူကြုံတွေ့နေရတာတွေကို သိစေချင်တဲ့အတွက်ပြောပြခြင်းဖြစ်ကြောင်း ရှင်းပြထားပါသေးတယ်။ ပြည်သူတွေကလည်း အရာအားလုံးကို ပေးဆပ်ပြီးတော်လှန်ရေးအတွက် ပြင်ဆင်နေကြတဲ့ တိုင်းကျော်တို့ ဟားငါးကောင်အဖွဲ့သားများအတွက် လေးစားဂုဏ်ယူနေကြောင်း comment များတွင် ရေးသားထားကြပါတယ်။ အရေးတော်ပုံကြီးအမြန်ဆုံးအောင်မြင်ပြီး ခွဲခွာနေရတဲ့မိသားစုတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Taing Kyaw’s Facebook Account 

Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Photo Crd-Taing Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T