အောက်ဆီဂျင်ရဖို့တန်းစီရင်း သူလှူလိုက်တဲ့ထမင်းဗူးလေးတွေကို မိုးရွာကြီးထဲမှာ ထိုင်စားနေကြတဲ့ ပြည်သူတွေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဧငြိမ်းဖြူ

//s9.kh1.co/f9/f966a02154553b91340d0238662264ed9e4dc171.jpg
အနုပညာရှင်များ

 ၂၁-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အောက်ဆီဂျင်ရဖို့တန်းစီရင်း သူလှူလိုက်တဲ့ထမင်းဗူးလေးတွေကို မိုးရွာကြီးထဲမှာ ထိုင်စားနေကြတဲ့ ပြည်သူတွေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဧငြိမ်းဖြူ

ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို မြန်မာပြည်သူတွေဟာ အလူးအလဲခံစားနေရပြီး သုသာန်တွေ၊ဆေးရုံတွေမှာလည်းလူတွေများပြားနေသလို အောက်ဆီဂျင်ဖြည့်ပေးတဲ့ နေရာတွေမှာလည်း ပြည်သူတွေဟာ နေပူမရှောင်၊မိုးရွာမရှောင်တန်းစီနေကြရပါတယ်။ ကိုဗစ်ရောဂါတွေကြောင့်အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ပြည်သူတွေကလည်း ချွေးနည်းစာထဲက တတ်နိုင်သလောက် လှူဒါန်းပေးနေကြကာ ကူညီဖေးမနေကြပါတယ်။ သရုပ်ဆောင်ဧငြိမ်းဖြူကလည်း  မနေ့က ဝမ်းသာပီတိဖြစ်စရာကောင်းသလို အရမ်းလည်းကုသိုလ်ရတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

Photo Credit: A Nyein Phyu 's Facebook Acc 
Photo Credit: A Nyein Phyu 's Facebook Acc 
Photo Credit: A Nyein Phyu 's Facebook Acc 
Photo Credit: A Nyein Phyu 's Facebook Acc 

အောက်ဆီဂျင်ဖြည့်ရဖို့အတွက် မိုးရွာကြီးထဲမှာ ပင်ပင်ပန်းပန်းနဲ့တန်းစီစောင့်ဆိုင်းနေကြတဲ့ တောင်ဒဂုံကပြည်သူတွေကို သူမက ထမင်းဗူး(၁၀၀)ပေးဝေလှူဒါန်းခဲ့တာဖြစ်ပါတယ်။ အောက်ဆီဂျင်ရဖို့ကိုသာ စိတ်ထဲထားပြီး ထမင်းမေ့ဟင်းမေ့တန်းစီနေကြချိန် အခုလိုလာရောက်လှူဒါန်းတာကြောင့် ပြည်သူတွေက ဝမ်းသာနေကြပြီး လာရောက်လှူဒါန်းတဲ့ထမင်းဗူး(၁၀၀)ဟာလည်း (၅)မိနစ်အတွင်းကုန်သွားခဲ့ပါတယ်။ ဗိုက်ဆာဆာနဲ့ မိုးရွာကြီးထဲမှာ သူပေးလှူတဲ့ ထမင်းဗူးလေးတွေကို စားနေကြတဲ့ ပြည်သူတွေကိုကြည့်ပြီး အိမ်ပြန်ရောက်တဲ့အထိ တော်တော်စိတ်မကောင်းဖြစ်မိကြောင်း ဧငြိမ်းဖြူက ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: A Nyein Phyu 's Facebook Acc 
Photo Credit: A Nyein Phyu 's Facebook Acc 
Photo Credit: A Nyein Phyu 's Facebook Acc 
Photo Credit: A Nyein Phyu 's Facebook Acc 
Photo Credit: A Nyein Phyu 's Facebook Acc 
Photo Credit: A Nyein Phyu 's Facebook Acc 

သူမကတော့ ကိုဗစ်လူနာတွေအတွက် အပင်ပန်းခံနေတဲ့ပြည်သူတွေကို တတ်နိုင်သလောက်လှူဒါန်းခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့အလှူလေးအတွက် သာဓုခေါ်ဆိုနေကြပါတယ်။ ဧငြိမ်းဖြူကတော့ " ဒီနေ့မနက် Oxygen တန်းစီနေရတဲ့ပြည်သူတွေအတွက် ထမင်းဗူး (၁၀၀)ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ပါတယ်ရှင့်အဲလောက်လူတွေများမယ်မှန်းမသိလို့ ထမင်းဗူး(၁၀၀)က ငါးမိနစ်အတွင်းမှာ ဘယ်လိုကုန်သွားမှန်းတောင်မသိဘူးA စရောက်တဲ့အချိန်မှာ မိုးကအရမ်းရွာနေတာ မိုးရေထဲမှာ ကိုယ်ပေးတဲ့ထမင်းဗူးလေးတွေစားနေကြတာမြင်တော့ လူကပြန်ရောက်တဲ့ထိ တော်တော် စိတ်မကောင်းဘူး နောက်ရက်တွေကျ အများကြီးသွားထပ်လှူအုံးမယ် "ဆိုပြီး  ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source: A Nyein Phyu 's Facebook Acc 

Photo Credit: A Nyein Phyu 's Facebook Acc 
Photo Credit: A Nyein Phyu 's Facebook Acc 
Photo Credit: A Nyein Phyu 's Facebook Acc 
Photo Credit: A Nyein Phyu 's Facebook Acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T