Flowmeter တစ်လုံးကို မတန်တဆစျေးတင်ပြီး (၂၂၀၀၀၀)နဲ့ရောင်းလို့ ဘယ်လိုမှမယုံနိုင်အောင်ဖြစ်နေရတဲ့ သဥ္ဇာနွယ်ဝင်း

//s9.kh1.co/1c/1cfbfbc6e5c7cf9debe4cd86218cb88211cea139.jpeg
အနုပညာရှင်များ

 ၂၁-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

Flowmeter တစ်လုံးကို မတန်တဆစျေးတင်ပြီး (၂၂၀၀၀၀)နဲ့ရောင်းလို့ ဘယ်လိုမှမယုံနိုင်အောင်ဖြစ်နေရတဲ့ သဥ္ဇာနွယ်ဝင်း

သရုပ်ဆောင်သဥ္ဇာနွယ်ဝင်းကတော့ ဒီကာလမှာ တတ်နိုင်သလောက် အလှူအတန်းတွေလုပ်ဆောင်ရင်း ခုနှစ်ရက်သားသမီးတွေအတွက်လည်း ဆုတောင်းပေးနေတာဖြစ်ပါတယ်။သဥ္ဇာနွယ်ဝင်းက ပြည်သူတွေကိုလည်းအကူအညီပေးပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကိုဗစ်နဲ့ပတ်သက်တာတွေလည်း တင်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ သူမက အသိအစ်မတစ်ယောက်အတွက် အောက်ဆီဂျင်အရမ်းလိုအပ်နေလို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရှာပေးနေတာဖြစ်ပါတယ်။

Photo Credit:Thinzar Nwewin’s Fb acc
Photo Credit:Thinzar Nwewin’s Fb acc
Photo Credit:Thinzar Nwewin’s Fb acc
Photo Credit:Thinzar Nwewin’s Fb acc

သူမကိုလည်း အများကြီးကူညီပေးပြီး စိတ်ထားကောင်းတဲ့အစ်မအတွက် တစ်ဖက်တစ်လမ်းကနေပြန်ကူညီပေးနေတာဖြစ်ပါတယ်။ဒီအချိန်မှာ ကိုဗစ်လူနာ​တွေအတွက် အောက်ဆီဂျင်ကရှားပါးနေတဲ့အပြင် တချို့စီးပွါးရေးသမားတွေကလည်း စျေးတင်ပြီးရောင်းချနေတာဖြစ်ပါတယ်။အောက်ဆီဂျင်တစ်လုံးကို ၁၀သိန်းအထက်ထိ စျေးပေါက်ပြီး flowmeter တစ်လုံးကိုလည်း စျေးမတန်တဆနဲ့ ရောင်းချနေကြတာဖြစ်ပါတယ်။ပြည်သူတွေလည်းအရေးတကြီးလိုအပ်နေလို့သာ ဒီစျေးတွေနဲ့ လူ့အသက်ကိုကယ်တင်နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

သဥ္ဇာနွယ်ဝင်းကလည်း အသိအစ်မအတွက် အောက်ဆီဂျင်လိုက်ရှာပေးနေရင်း flowmeter တစ်လုံးကို (၂၂၀၀၀၀)နဲ့ရောင်းလို့ မယုံနိုင်အောင်ဖြစ်နေရတာဖြစ်ပါတယ်။(၇၀၀၀၀)လောက်ပဲ စျေးတင်ရင်တောင် မြတ်နေပြီဖြစ်တာကိုစျေးတွေအရမ်းတင်ထားကြတာဖြစ်ပါတယ်။ဒီလိုအချိန်မှာ ကိုဗစ်လူနာတွေလည်း ရောဂါကိုတိုက်ထုတ်နေရတာဖြစ်လို့ သူတို့ကို သနားငဲ့ညှာပြီး လိုအပ်တာထက်စျေးတင်မရောင်းကြပါနဲ့လို့ မေတ္တာရပ်ခံရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:Thinzar Nwewin’s Fb acc
Photo Credit:Thinzar Nwewin’s Fb acc

Source&Photo Credit:Thinzar Nwewin’s Fb Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T