ဖျားပြီး အစာလုံးဝမဝင်တော့တဲ့ ခင်ပွန်းဖြစ်သူအား နလန်ပြန်ထူလာနိုင်စေဖို့ အားရှိအောင် ချက်ပြုတ် ကျွေးမွေးနေတဲ့ မေထွဋ်ခေါင်ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/0b/0b8eb8f06c18abfed1eaa937227285dc9f930ffb.jpeg
အနုပညာရှင်များ

 ၂၁-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဒီကာလမှာ ရာသီတုတ်ကွေးနဲ့အတူ ကိုဗစ်ရောဂါပိုးကလည်း လူ့ခန္ဓာကိုယ်ထဲသို့ ကူးစက်ပါလာနေတာ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင်းကြောင့် နေမကောင်းတာ ဖြစ်နေပါပစေ ဂရုတစိုက်နဲ့ နေထိုင်ကြဖို့ လိုအပ်လှပါတယ်။ ကိုယ်ခံအားကောင်းမွန်ရန်အတွက် အားရှိတဲ့ အစားအသောက်များကို စားပေးပြီး ကျန်းမာရေးအတွက်လေ့ကျင့်ခန်းများ နေ့စဉ်ပြုလုပ်ပေးကြမှသာ ရောဂါဘယများ ကင်းဝေးပပျောက်စေမှာ ဖြစ်ပါတယ်။ 

Photo Crd-May Htut Khaung’s Facebook Account 
Photo Crd-May Htut Khaung’s Facebook Account 
Photo Crd-May Htut Khaung’s Facebook Account 
Photo Crd-May Htut Khaung’s Facebook Account 

သရုပ်ဆောင် မေထွဋ်ခေါင်ရဲ့ ခင်ပွန်းဟာလည်း မကြာသေးခင် ရက်ပိုင်းလောက်က အတော်လေးကို နေမကောင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အစားလုံးဝမဝင်တော့တဲ့ အထိဖြစ်သွားခဲ့တာကြောင့် ခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီလို့တောင်ထင်ခဲ့မိတာပါ။ စကားတောင် မပြောနိုင်တဲ့အတွက် ရေသောက်ချင်ရင်တောင် message ပို့ပြီး မှာရတဲ့ အခြေအနေထိ ဖြစ်သွားခဲ့ပါတယ်။ ဒီလိုအခြေအနေဆိုးကြီးကနေ လွတ်မြောက်အောင် မေထွဋ်ခေါင်တစ်ယောက် ခင်ပွန်းအတွက် နေ့စဉ်အာဟာရရှိစေမယ့် အစားအသောက်တွေသာ ချက်ပြုတ်ကျွေးမွေးခဲ့တာ ဖြစ်ပါတယ်။ 

Photo Crd-May Htut Khaung’s Facebook Account 
Photo Crd-May Htut Khaung’s Facebook Account 
Photo Crd-May Htut Khaung’s Facebook Account 
Photo Crd-May Htut Khaung’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မေထွဋ်ခေါင်ရဲ့ လူမှုကွန်ယက်တွင် ဖျားပြီး အစာလုံးဝမဝင်တော့တဲ့ခင်ပွန်းဖြစ်သူအား နလန်ပြန်ထူလာနိုင်စေဖို့ အားရှိအောင် ချက်ပြုတ် ကျွေးမွေးနေပုံတွေကို အမှတ်တရဗီဒီယိုဖိုင်လေး ရိုက်ကူးပြီး ပရိသတ်တွေကို ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ အားရှိစေဖို့ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ကြက်ပေါင်းကို ကိုယ်တိုင်ပေါင်းပြီး ကျွေးဖြစ်ခဲ့ကြောင်း ရှင်းပြထားပါတယ်။ ဒီနည်းလမ်းလေးဟာ သူမရဲ့ ဖခင်နေမကောင်းဖြစ်စဉ်က လုပ်ကျွေးခဲ့တဲ့ နည်းလေးဖြစ်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ ကြက်ပေါင်းလုပ်ကျွေးပြီး နှစ်ရက်မြောက်နေ့မှာတော့ အခန်းထဲမှ ခင်ပွန်းရဲ့ အသံကို စတင်ကြားလိုက်ရတဲ့အတွက်အရမ်းကို ဝမ်းသာခဲ့ရကြောင်းကိုလည်း ရေးသားထားပါတယ်။ ကြက်ပေါင်းနဲ့ ကြက်ပြုတ်ဟာ အာနိသင် လုံးဝမတူဘဲ ကွဲပြားပြီး အားပြည့်တာချင်းလည်း မတူကြောင်း ရှင်းပြထားပါတယ်။ ပရိသတ်တွေ ကြက်ပေါင်းနဲ့ ကြက်ပြုတ်မကွဲမှာစိုးတဲ့အတွက် ဗီဒီယိုဖိုင်လေးဖြင့် တင်ပေးလာတာ ဖြစ်ပါတယ်။ အားလုံးလည်း သေချာလေ့လာမှတ်သားလို့ရရှိနိုင်စေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May Htut Khaung’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T