သူမကယ်တင်စောင့်ရှောက်ထားတဲ့ သားသမီးတွေကို တစ်ပြိုင်တည်း အရေးပေါ်ဆေးရုံတင်ထားရလို့ အရမ်းစိတ်ပူပန်နေရတဲ့ မေမေခိုင်နှင်းဝေ

//s9.kh1.co/b3/b3a5194121e35fc53b4cff447e25b75d1a929072.jpeg
အနုပညာရှင်များ

 ၂၁-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူမကယ်တင်စောင့်ရှောက်ထားတဲ့ သားသမီးတွေကို တစ်ပြိုင်တည်း အရေးပေါ်ဆေးရုံတင်ထားရလို့ အရမ်းစိတ်ပူပန်နေရတဲ့ မေမေခိုင်နှင်းဝေ

ပရိသတ်တွေရဲ့အချစ်ကို ရရှိထားခဲ့တဲ့ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ခိုင်နှင်းဝေက ရင်သွေးလေးများဂေဟာကို ဖွင့်လှစ်ထားပြီး မိဘမေတ္တာငတ်မွတ်နေတဲ့ကလေးငယ်တွေကို ခေါ်ယူစောင့်ရှောက်ပေးထားတာဖြစ်ပါတယ်။ယခုဖြစ်ပွါးနေတဲ့ ကိုဗစ်တတိယလှိုင်းမှာလည်း ခိုင်နှင်းဝေက အောက်ဆီဂျင်အိုးများစွာကို အလှူရှင်တွေရဲ့ စုပေါင်းအလှူနဲ့ လှူဒါန်းနေတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

ခိုင်နှင်းဝေက သူမရဲ့သားသမီးလေးတွေကို အရိပ်တကြည့်ကြည့်နဲ့ သေချာစောင့်ရှောက်ပေးပြီး ကျန်းမာရေးအတွက်လည်း ဒီကာလမှာ အထူးဂရုစိုက်ပေးတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ (၃)ရက်ကတော့ သူမမွေးစားထားတဲ့ကလေးငယ်လေးတစ်ယောက်က မွေးရာပါနှလုံးအပေါက် (၂)ပေါက်ပါပြီး ရုတ်တရက်အမောဖောက်လာကာ ဆုံးသွားတာဖြစ်ပါတယ်။အခုဆိုရင်လည်း ခိုင်နှင်းဝေက သူမရဲ့သားသမီးတွေ နေမကောင်းဖြစ်နေကြလို့ အရမ်းစိတ်ပူနေရတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

ခိုင်းနှင်းဝေက သူမရဲ့သားသမီးလေးတွေကို တစ်ပြိုင်တည်း အရေးပေါ်ဆေးရုံတင်ခဲ့ရတာဖြစ်ပါတယ်။ကလေးငယ်လေးတွေခမျာ ရောဂါဝေဒနာကို အသက်အရွယ်နဲ့မမျှအောင် ခံစားနေရတာပဲဖြစ်ပါတယ်။ရန်ကင်းကလေးဆေးရုံကြီးက ဆရာဝန်တွေကလည်း ကလေးတွေအပေါ် နွေးထွေးကြင်နာမှုအပြည့်နဲ့ ကုသပေးကြပါတယ်။ခိုင်နှင်းဝေကတော့ ခုနှစ်ရက်သားသမီးတွေအားလုံးအတွက်ပါ စိတ်ပူပန်ရင်း ဒီရက်တွေကို အမြန်ကျော်ဖြတ်ချင်ကြောင်းကို ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

Source&Photo Credit:Khine Hnin Wai’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T