ဖျားနာသူတွေ ရေချိုးမိခဲ့ရင် အဆုတ်ထဲ Pneumonia ဝင်ရောက်စေတယ်ဆိုတဲ့ လွဲမှားစွာပြောဆိုနေကြတာတွေကို ပြန်လည်ရှင်းပြလာခဲ့တဲ့ ပိုးမမှီသာ

//s9.kh1.co/92/926525fd86e89f7f50041f01c2719b8996050594.jpg
အနုပညာရှင်များ

 ၂၁-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်ရောဂါကို မြန်မာပြည်သူတွေဟာ ဆိုးဆိုးရွားရွား ခံစားနေရရှာပါတယ်။ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ ပြည်သူအများစုကတော့ ကိုဗစ်ရောဂါနဲ့အတူ ရာသီတုတ်ကွေးတွေပါ ကူးစက်ပြန့်ပွားနေတာလည်း တွေ့ရပါတယ်။ ယခုအခြေအနေဟာ ကိုဗစ်ရောဂါကို အာဏာပိုင်တွေကပဲ လက်ခံကုသပေးနေပေမယ့်လည်း ကျန်းမာရေး စောင့်ရှောက်မှုတွေကို လုံလုံလောက်မပေးနိုင်တာကြောင့် ပြည်သူတွေဟာ မိမိနေအိမ်တွေမှာပဲ တတ်နိုင်သလောက်ကုသနေကြရပါတယ်။

Photo Credit - Poe Mamhe Thar fb account
Photo Credit - Poe Mamhe Thar fb account
Photo Credit - Poe Mamhe Thar fb account
Photo Credit - Poe Mamhe Thar fb account

ဒီလို နေအိမ်တွေမှာ ကုသနေကြရတဲ့ ပြည်သူတွေအတွက် တချို့ကျန်းမာရေးအသိပညာရှိတဲ့ သူတွေကလည်း ရောဂါကာကွယ်ရေးနဲ့ ကုသရေးတွေကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ပြန်လည်မျှဝေထားတာတွေလည်း ရှိပါတယ်။ ဒီလို ကျန်းမာရေးအကြောင်းတွေ မျှဝေပေးနေတဲ့အထဲတွေမှာ ရာသီတုတ်ကွေးကြောင့် ဖျားနာကြတဲ့သူတွေဟာ ရေချိုးမိခဲ့ရင် အဆုတ်ထဲ Virus ရောက်ပြီး Pneumonia ဝင်စေတယ်ဆိုကာ ထင်မြင်ယူဆချက်တွေနဲ့ လွဲမှားစွာ ရေးသားဖော်ပြတာတွေလည်း ရှိပါတယ်။

Photo Credit - Poe Mamhe Thar fb account
Photo Credit - Poe Mamhe Thar fb account

ဒီအကြောင်းတွေနဲ့ပတ်သတ်ပြီး အယူအဆလွဲမှားနေတဲ့ သူတွေအတွက် ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ ဆရာဝန်မလေးလည်း ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ပိုးမမှီသာကတော့ သူ့ရဲ့ လူမှုကွန်ယက်မှာ အကြောင်းစုံကိုရှင်းပြပြီး ရေးသားဖော်ပြလာတာ တွေ့ရပါတယ်။ ပိုးမမှီသာရဲ့ ရေးသားဖော်ပြချက်တွေကိုတော့ ပရိသတ်အတွက် ကျန်းမာရေး ဗဟုသုတရစေဖို့ ပြန်လည်ဖတ်ရှုလို့ရအောက် အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Poe Mamhe Thar fb account
Photo Credit - Poe Mamhe Thar fb account

သတင်း အရင်းအမြစ်Source - Poe Mamhe Thar fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T