သရုပ်ဆောင် မင်းမော်ကွန်း တိုက်ပွဲမှာ ကျည်ထိတဲ့သတင်းအမှားအား ပုံနှင့်တကွ ရှင်းပြလိုက်တဲ့ လွတ်မြောက်နယ်မြေရောက် ရဲဘော်တစ်ဦး

//s9.kh1.co/0b/0bad6acc5ba749b04a63d94af98957ca9ba2a10b.jpeg
အနုပညာရှင်များ

 ၂၁-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မနေ့ညက Facebook ပေါ်တွင် သတင်းတစ်ခု အတော်လေး ပျံ့နှံ့သွားပြီး ပရိသတ်တွေ စိတ်ပူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါကတော့ သရုပ်ဆောင် မင်းမော်ကွန်းတစ်ယောက် ဖာပွန်တိုက်ပွဲတွင် ညာဘက်ပေါင် ကျည်ဖောက်ဝင်တယ်ဆိုပြီး သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။ ဒီသတင်းမဟုတ်မှန်တဲ့ ကြောင်းကိုလည်း မင်းမော်ကွန်းရဲ့Facebook အကောင့်တွင် " ဘယ်​ပေါင်မှမထိပါဘူးမဟုတ်တာ​တွေမတင်ကြပါနဲ့" ဆိုပြီး ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

မင်းမော်ကွန်းဟာ လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေတာဝန်ထမ်းဆောင်လျက် ရှိနေတာ ဖြစ်ပါတယ်။ တော်လှန်ရေးထဲမှာ အတူဆုံတွေ့ခဲ့ကြတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း မင်းမော်ကွန်း ပေါင်မှာကျည်ဖောက်ဝင်တယ်ဆိုတာဟာ သတင်းအမှားသာ ဖြစ်ပြီး အခုလက်ရှိမှာဘေးကင်းလုံခြုံတဲ့တစ်နေရာမှာ တော်လှန်ရေးအတွက် အလုပ်တွေ ကြိုးကြိုးစားစားလုပ်ကိုင်နေကြောင်း ပုံနှင့်တကွ သက်သေပြထားတာ ဖြစ်ပါတယ်။ 

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

ကောလဟလသတင်းဖြန့်နေတဲ့သူများကိုလည်း လူသိများချင်ရင် တခြားသတင်းတွေ တင်ကြဖို့နဲ့ နာမည်ကြီးသူတွေရဲ့ သတင်းအတုတွေ လျှောက်မဖွကြဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မင်းမော်ကွန်းရဲ့ ဓာတ်ပုံလေးတွေကို မြင်တွေ့လိုက်မှသာ စိတ်အေးသွားရကြောင်းကို comment များတွင် ရေးသားထားကြတာပါ။ တော်လှန်ရေးတိုက်ပွဲများအတွက် ကြိုးစားပြင်ဆင်ပေးနေကြသူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းမေတ္တာပို့သပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account and Original Uploader 

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T