အဆိုတော် ထူးအယ်လင်း ဆောင်ရွက်နေတဲ့ လူမှုကူညီထောက်ပံ့ရေးတွေမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးသွားမယ့် ချစ်စနိုးဦးရဲ့ခင်ပွန်း

//s9.kh1.co/59/59c7134e1eccc47cb02c3f416ddcab710f7bb05a.jpeg
အနုပညာရှင်များ

 ၀၆-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ထူးအယ်လင်းတစ်ယောက်ကတော့ လတ်တလောမှာ ပရဟိတလုပ်ငန်းတွေကို အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်နေတာကို မြင်တွေ့ကြရမှာပါ။ တစ်ယောက်တည်းအားနဲ့တင်မဟုတ်ဘဲ အလှူရှင်များရဲ့စုပေါင်းလှူဒါန်းမှုတွေနဲ့ နေရာအနှံ့သွားရောက် လှူဒါန်းနေတာ ဖြစ်ပါတယ်။ ပြည်သူတွေသာမကဘဲ အနုပညာရှင်များကလည်း ထူးအယ်လင်းထံ ဆက်သွယ်လှူဒါန်းနေကြတာပါ။

Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 

မနေ့ညကလည်း ထူးအယ်လင်းရဲ့ လူမှုကွန်ယက်တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူလုပ်ဆောင်နေတဲ့ လူမှုကူညီရေး ထောက်ပံ့မှုတွေမှာ အဆိုတော် ဖိုးသားကပါ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှူဒါန်းမယ့်အကြောင်း ဓာတ်ပုံလေးတင်ကာ ရေးသားထားတာ ဖြစ်ပါတယ်။ အဆိုတော် ဖိုးသားဟာ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ချစ်စနိုးဦးရဲ့ ခင်ပွန်းဖြစ်ပြီး တေးစီးရီး album တစ်ချို့လည်း ထွက်ရှိဖူးသူ တစ်ဦး ဖြစ်ပါတယ်။  ထူးအယ်လင်းကလည်း " လူမှုကူညီ၊ထောက်ပံ့ရေးတွေမှာ ကူညီလှူပေးမယ်ကြားသိရတာ ဝမ်းသာတယ်ဗျာ ,, ကျေးဇူးပါညီလေးဖိုးသား ???ကိုယ့်ရုပ် ကြမ်းတာ ပိုပေါ်လွင်သွားတယ် ?" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 

ပရိသတ်တွေကလည်း ဂီတလောကသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လူမှုကူညီရေးလုပ်ငန်းတွေမှာ  အားဖြည့်လုပ်ဆောင်နေကြတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နေရာအနှံ့အပြားမှာ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူများစွာ ရှိပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအချင်းချင်း လိုအပ်တဲ့နေရာတိုင်းကို ကူညီလှူဒါန်းပေးကြခြင်းဖြင့် ကူညီပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Htoo El Lynn’s and Chit Snow Oo’s Facebook Account 

Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Htoo El Lynn’s Facebook Account 
Photo Crd-Chit Snow Oo’s Facebook Account 
Photo Crd-Chit Snow Oo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T