သူမရဲ့ဖုန်းခိုးပြီး မိန်းကလေးတွေကို Video Call လိုက်ခေါ်နေတဲ့ မသမာသူတွေကြောင့် စိတ်ပင်ပန်းခဲ့ရတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/c2/c2444709b21e79ec3b407c66ce5e12c291ceec4f.jpeg
အနုပညာရှင်များ

 ၀၆-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသမီး ဆောင်းယွန်းစံကတော့ သူမရဲ့ဖုန်းကိုခိုးပြီး အခြားလူတွေကို ဗီဒီယိုကောလ်လိုက်ခေါ်နေတဲ့ မသမာသူတွေကြောင့် အခက်တွေ့ခဲ့ရပါတယ်..။

ဖုန်းကို မနေ့ညက အခိုးခံလိုက်ရတာဖြစ်ပြီး အမျိုးသားတစ်ယောက်က ဆောင်းယွန်းစံဟန်ဆောင်ကာ မိန်းကလေးတွေကို ဗီဒီယိုကောလ်နဲ့ ဖုန်းတွေ လိုက်ခေါ်ကာ နှောက်ယှက်နေတဲ့အကြောင်း သူငယ်ချင်းဖြစ်သူမေချစ်သွေးက ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc
Photo Credit - May Chiy Thway's Fb Acc
Photo Credit - May Chiy Thway's Fb Acc

ဆောင်းယွန်းစံ ဖုန်းပျောက်သွားတဲ့အတွက် ဖေ့စ်ဘွတ်မှာ စာတို့ ပို့စ်တို့ တက်လာခဲ့ရင် သူမ မဟုတ်တဲ့အကြောင်းကိုလည်း ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးကြသူတချို့က သတိပေးပြောပြထားတာလည်း တွေ့ရပါတယ်..။

ဒါမယ့် ဖုန်းပျောက်တာ နာရီအတော်ကြာပြီးတဲ့နောက်  ပြီးခဲ့တဲ့မိနစ်ပိုင်းမှာတော့ ဆောင်းယွန်းစံရဲ့ဖေ့စ်ဘွတ် Acc ကနေ ဖုန်းပြန်ရပြီဆိုတဲ့အကြောင်း ပို့စ်တစ်ခုတက်လာခဲ့ပါတယ်..။

Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc

"ဆောင်း ဖုန်း ပြန်ရပါပီ ..

စိတ်ပူစေခဲ့လို့ အားလုံးကိုတောင်းပန်ပါတယ်.." ဆိုပြီး တောင်းပန်စကားနဲ့အတူ ရေးသားလာတာဖြစ်ပြီး ပရိသတ်တွေကလည်း ဝမ်းသာစွာနဲ့ အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်..။

မည်သို့ပင်ဆိုစေကာမူ အခုလို အစစအရာရာစိတ်ရောလူရော ပင်ပန်းဆင်းရဲနေကြတဲ့ အချိန်ကာလကြီးမှာ မသမာလူတချို့ကြောင့် ပြည်သူတွေမှာ အခက်အခဲတွေကြားက ပိုပြီး စိတ်ပင်ပန်းနေကြရတာကတော့ အမှန်ပါပဲ..။

Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc
Photo Credit - Saung Yoon San's Fb Acc

သတင်း အရင်းအမြစ်Saung Yoon San's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T