လူမှုကွန်ယက်တွင် အချိန်အတော်ကြာပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းကို ဖွင့်ဟပြောပြလာတဲ့ အိုင်းရင်းဇင်မာမြင့်

//s9.kh1.co/e7/e7286730c785cc7057a4f43f1ea586bab90fd05c.jpeg
အနုပညာရှင်များ

 ၀၆-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကိုဗစ်ရောဂါပိုးတွေဟာ  လက်ရှိအချိန်တွင်  အတော်လေးကို ပြန့်နှံ့လျက် ရှိနေတာ ဖြစ်ပါတယ်။ အရင်လို mask တပ် လက်ဆေးရုံနဲ့တင် မရတော့ဘဲ အတတ်နိုင်ဆုံး အပြင်မထွက်ဘဲ သေသေချာချာလေး ဂရုစိုက်နိုင်မှသာရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ လတ်တလောမှာ ရောဂါကူးစက်ခံနေရသူ တော်တော်များများ အောက်ဆီဂျင်ကျကာ အသက်ဆုံးရှုံးသွားရတဲ့အထိကို ဖြစ်နေကြတာ ဖြစ်ပါတယ်။

Photo Crd-Irene Zin Mar Myint’s Facebook Page 
Photo Crd-Irene Zin Mar Myint’s Facebook Page 
Photo Crd-Irene Zin Mar Myint’s Facebook Page 
Photo Crd-Irene Zin Mar Myint’s Facebook Page 

ပြည်သူတွေအားလုံး ကိုဗစ်ရောဂါပိုးကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ ဆရာဝန်များက ဆောင်ရန်၊ရှောင်ရန်တွေကိုလူမှုကွန်ယက်များတွင် မျှဝေပေးနေတာ ဖြစ်ပါတယ်။ အနုပညာရှင်တော်တော်များများကလည်း ဆရာဝန်များရဲ့ထုတ်ပြန်ချက်တွေကို တစ်ဆင့် ပြန်လည်မျှဝေပေးနေကြတာကိုလည်း မြင်တွေ့ရပါတယ်။ တတ်နိုင်တဲ့ဘက်ကနေကူညီပေးနေတဲ့ အနုပညာရှင်တစ်ချို့ကို Followers ရှာချင်တဲ့အတွက် သတင်းတွေ တင်ပေးနေတယ်လို့ ဝေဖန်နေကြသူတွေလည်း ရှိနေကြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မနေ့ညက အဆိုတော် အိုင်းရင်းဇင်မာမြင့်ရဲ့လူမှုကွန်ယက်တွင် ကျန်းမာရေးဗဟုသုတတွေ ဝေမျှပေးနေတာကို Followers ရှာတယ်ဆိုပြီး ဝေဖန်အပြစ်ပြောနေကြသူများကြောင့် စိတ်မကောင်း ဖြစ်နေရကြောင်းကို ရင်ဖွင့်ရေးသားလာတာ ဖြစ်ပါတယ်။

Photo Crd-Irene Zin Mar Myint’s Facebook Page 
Photo Crd-Irene Zin Mar Myint’s Facebook Page 
Photo Crd-Irene Zin Mar Myint’s Facebook Page 
Photo Crd-Irene Zin Mar Myint’s Facebook Page 

" အခုလိုကျန်းမာရေးဗဟုသုတအနည်းငယ်ကိုတင်ပေးနေတဲ့သဘောကလေFollowers တိုးဖို့ရည်ရွယ်ချက်မရှိပါဘူးရှင်။ ကိုယ်ဖတ်မိပြီဆို ကိုယ့်မိဘအရွယ် ကိုယ့်ညီအစ်ကိုမောင်နှမတွေဆိုတဲ့စိတ်ပဲထားပီးပြန်Shareပေးတာပါ။မှားနေတယ်/အမှားတွေshareမိတယ်ဆိုလည်း အမှန်ပြောပြပေးကြပါ အခုချိန်မှာတစ်ယောက်နဲ့တစ်ယောက်အမှားထောက်ပြီး   ဟားတိုက်နေမယ့်အစား အတူတူဖေးမကြရအောင်ရှင် (ကျန်းမာအေးချမ်းတဲ့အနာဂတ်မှာပြန်ဆုံကြမယ်နော်)*ပျောက်နေတယ်နော်ဆိုပြီး  မေးကြတဲ့သူတွေများလို့ဖြေပါ့မယ်နော် Ireneအမေ့ကိုတိတ်တိတ်လေးအဝေးတစ်နေရာကနေလွမ်းနေပါတယ်ရှင် ?" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေတဲ့ အိုင်းရင်းအတွက် စိတ်ခွန်အားဖြစ်စေမယ့် စကားများဖြင့် comments များ ရေးသားကာ အားပေးနှစ်သိမ့်ပေးခဲ့ကြပါတယ်။ အခုကာလဟာ ရာသီတုတ်ကွေးနဲ့အတူ COVID ရောဂါပါ ကူးစက်ပြန့်ပွားနေတာကြောင့်အတတ်နိုင်ဆုံး ဂရုတစိုက်နဲ့ နေထိုင်ကြပါလို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်  ရပါတယ်။

Source and Photo Crd-Irene Zin Mar Myint’s Facebook Page 

Photo Crd-Irene Zin Mar Myint’s Facebook Page 
Photo Crd-Irene Zin Mar Myint’s Facebook Page 
Photo Crd-Irene Zin Mar Myint’s Facebook Page 
Photo Crd-Irene Zin Mar Myint’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T