နေရာအစုံသွားပြီး ပရဟိတလုပ်နေရတာကြောင့် ရောဂါကူးစက်မှုတွေကို ခုခံနိုင်ဖို့ ကာကွယ်ဆေးထိုးနေတဲ့ ထူးအယ်လင်းရဲ့ ဗီဒီယို

//s9.kh1.co/22/228f26a0a654df323f089b1226b8cc079060bc6f.jpeg
အနုပညာရှင်များ

 ၀၅-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ကမ္ဘာ့နိုင်ငံတွေမှာ ဆိုးရွားစွာ ပြန့်ပွားနေတဲ့ ဗီဇပြောင်း Covid 19 ကြောင့် မြန်မာပြည်မှာလည်း လူတော်တော်များများ ရောဂါကူးစက်ခံနေရပြီး သေဆုံးလူနာတွေလည်း အများအပြားရှိနေခဲ့ပြီ ဖြစ်ပါတယ်..။

တစ်စထက်တစ်စကူးစက်မှု မြန်ဆန်လာတဲ့ တတိယလှိုင်း Covid 19 ရောဂါဟာ ကုသဆေးမရှိသေးတာကြောင့် လက်ရှိမှာတော့ ကာကွယ်ဆေးထိုးခြင်းနဲ့ အခြားကြိုတင်ကာကွယ်မှုတွေကိုသာ ပြုလုပ်နိုင်ပြီး ပြည်သူတွေမှာ စိုးရိမ်မှုတွေနဲ့ ဂရုစိုက်နေထိုင်နေကြရတာ ဖြစ်ပါတယ်..။

Photo Credit
Photo Credit

နေရာအစုံသွားပြီး ပရဟိတအလုပ်တွေ လုပ်ဆောင်နေတဲ့ ထူးအယ်လင်းကတော့ လတ်တလောဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ရောဂါကာကွယ်ဖို့အတွက် နီးစပ်ရာဆရာဝန်ဆီမှာ ကာကွယ်ဆေးသွားထိုးကာ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

ကူးစက်မှုတွေများပြားနေတဲ့ ကပ်ရောဂါတွေကြောင့်  အပြင်မသွားတိုင်း မဖြစ်မနေ Mask တပ်ကာ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ ပြည်သူတွေကို တိုက်တွန်းပြောပြရင်း ကာကွယ်ဆေးသွားထိုးခဲ့တဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်ကိုလည်း ထူးအယ်လင်းက ဝေမျှထားတာ ဖြစ်ပါတယ်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

"ကာကွယ်ဆေးထိုး ဘာဘာ ညာညာ ပေါ့?

ဘယ်လိုပဲဖြစ်ဖြစ် Mask တော့ ဘယ်သွားသွား နှာခေါင်း ပါးစပ် ဖုံးပြီးသွားကြပါလို့ အမှာပါးပါရစေဗျ?

Mask ၂ ထပ်တပ်ခြင်းက ဗိုင်းရပ်စ်ကူးစက်မှု 90% ကာကွယ်ပါတယ်။.." ဆိုပြီး ထူးအယ်လင်းက ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုက်တွန်းပြောပြထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေကတော့ ထူးအယ်လင်းကို ကိုဗစ်ကာကွယ်ဆေးလား တုတ်ကွေးကာကွယ်ဆေးလား ကာကွယ်ဆေးအကြောင်း မေးမြန်းထားကြသလို ကိုဗစ်ရောဂါကိုတော့ 90% ကာကွယ်မပေးနိုင်တဲ့အကြောင်းတွေကို comment တွေမှာ ရေးသားထားကြတာ တွေ့ရပါတယ်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

သတင်း အရင်းအမြစ်Htoo El Lynn's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T