Covid ကြောင့် ဝေဒနာပြင်းထန်စွာခံစားနေရတဲ့ လူနာတွေအတွက် အရေးကြီးလုပ်ဆောင်ရမှာတွေကို အသေးစိတ်ပြောပြပေးမယ့် စိန်ဖြိုးလှိုင်

//s9.kh1.co/ce/cedf5ed15a0ad8e879a18865526fc9a4b6bd0892.png
အနုပညာရှင်များ

 ၀၅-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

လတ်တလောမှာ Covid တတိယလှိုင်းဖြစ်ပွားနေပြီး ကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေဟာလည်း တစ်နေ့တခြားပိုများလာခဲ့ပါတယ်။ ပြည်သူတွေဟာလည်း တိုင်းပြည်မအေးချမ်းတာအပြင် စားဝတ်နေရေးအခက်အခဲကိုလည်းစိုးရိမ်နေရပြီး အခုလိုရောဂါကပ်ဘေးအတွက်ပါ ပူပန်နေရတာမို့ အဖက်ဖက်ကစိတ်ညစ်စရာတွေအပြည့်ဖြစ်နေခဲ့ပါတယ်။ လူနာဦးရေနဲ့ ဆရာဝန်ဦးလေးဟာ အဆမတန်ကွာဟနေပြီး ဆေးရုံဆေးခန်းတွေကိုလည်း လွယ်လွယ်ကူကူ သွားလို့မရနိုင်တာကြောင့် ကူးစက်ခံရသူတွေအနေနဲ့ အတော်လေးကိုအခက်တွေ့နေပြီး အသက်ဆုံးရှုံးရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

Photo Credit - Sein Phyo Hlaing's FB Acc
Photo Credit - Sein Phyo Hlaing's FB Acc

ဒီလိုမငြိမ်သက်ဖြစ်နေတဲ့အချိန်မှာ နန္ဒာလှိုင်ရဲ့မောင်ဖြစ်သူ စိန်ဖြိုးလှိုင်ဟာ ကိုယ်တတ်ထားတဲ့ ဆေးပညာကိုအသုံးချပြီး ပြည်သူတွေကိုတတ်နိုင်တဲ့ဖက်က ကူညီပေးမယ့်အကြောင်း ပြောပြလာခဲ့ပါတယ်။ ဆေးရုံမသွားဘဲ အိမ်မှာပဲကုသရင်း အရေးပေါ်အခြေအနေဖြစ်နေတဲ့ လူနာတွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို အသေးစိတ်ပြောပြပေးသွားမယ်လို့ဆိုပါတယ်။ အရမ်းအရေးကြီးတဲ့အခြေအနေတွေမှာဆိုရင် ဖုန်းဆက်မေးမြန်းနိုင်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ဒုတိယလှိုင်းဖြစ်စဉ်ကလည်း ကိုယ်တိုင်ဝင်ပြီး ကြိုးကြိုးစားစားကုသပေးခဲ့တဲ့ ဆရာဝန်ပီသတဲ့ ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit - Sein Phyo Hlaing's FB Acc
Photo Credit - Sein Phyo Hlaing's FB Acc

အားလုံးကိုကူညီပေးမယ့်အကြောင်းကို " ဒီရက်ပိုင်းမှာ Covid လူနာတွေ လူကြီးရော လူငယ်တွေရော အများကြီး တွေ့လာရပါတယ် စင်တာတွေ ဆေးရုံတွေ လွယ်လွယ် သွားမရတာကြောင့် ပိုပြီး ဒုက္ခတွေ့နေရပါတယ် အဲ့တာကြောင့် Covid နဲ့ ပက်သက်ပြီး အိမ်မှာ အရေးပေါ်လူနာရှိနေရင် Chat box ကနေ အချိန်မရွေးလာမေးပါ အရေးကြီးနေလျှင် ဖုန်းဆက်ပေးပါမယ် လုပ်ဆောင်ရမယ့်အချက်တွေ အတတ်နိုင်ဆုံး ညွှန်ကြားပေးပါမယ်။ တကယ်အရေးကြီးတဲ့ လူနာတွေကို အချိန်ပေးချင်တာကြောင့် ကာကွယ်ချင်ရုံမေးချင်တဲ့ သူများတော့ သည်းခံဖို့ မေတ္တာရပ်ခံပါတယ် " ဆိုပြီးပြောပြခဲ့ပြီးနောက်မှာ ကျေးဇူးတင်ကြောင်း မှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။

Photo Credit - Sein Phyo Hlaing's FB Acc
Photo Credit - Sein Phyo Hlaing's FB Acc

သတင်း အရင်းအမြစ်Sein Phyo Hlaing's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T