အူဝဲတို့ဇနီးမောင်နှံနဲ့အတူ အလုပ်လုပ်ရင်း သိရှိခဲ့ရတဲ့ သူတို့ရဲ့စိတ်နေသဘောထားတွေအကြောင်းကို ဖွင့်ဟပြောပြလာတဲ့ ဒါရိုက်တာတစ်ဦး

//s9.kh1.co/9c/9c16dd498b543c01cf4d1ec9d567928d8878151c.jpg
အနုပညာရှင်များ

 ၀၅-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အူဝဲတို့ဇနီးမောင်နှံနဲ့အတူ အလုပ်လုပ်ရင်း သိရှိခဲ့ရတဲ့ သူတို့ရဲ့စိတ်နေသဘောထားတွေအကြောင်းကို ဖွင့်ဟပြောပြလာတဲ့ ဒါရိုက်တာတစ်ဦး

သရုပ်ဆောင်ပြေတီဦးနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း သူတို့ဇနီးမောင်နှံကို ပုဒ်မ(၅၀၅)ကနဲ့ ဝရမ်းထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အကျဥ်းသား (၂၀၀၀)ကျော် လွှတ်ပေးခဲ့တဲ့အထဲမှာ အူဝဲတို့ဇနီးမောင်နှံမပါလာတဲ့အပေါ် သူတို့ရဲ့ပရိသတ်တွေနဲ့ ပြည်သူတွေအားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page

အနုပညာအသိုင်းအဝိုင်း တစ်ခုလုံးကလည်း ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် ဆုတောင်းနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ဒါရိုက်တာစိုးကျော်ဆန်းက ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံရဲ့အကြောင်းကို သတိတရပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ ဦးတီနဲ့ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဒါရိုက်တာစိုးကျော်ဆန်းက ဦးတီရဲ့စိတ်သဘောထားကို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။ ဦးတီက သူတစ်ပါးအပေါ်မှာ စာနာနားလည်မှုပေးနိုင်သူဖြစ်ကြောင်း၊ သူ့ရဲ့မိသားစုအပေါ်မှာ တန်ဖိုးထား ချစ်မြတ်နိုးသူဖြစ်ကြောင်း၊ အနာဂတ်ရဲ့မျိုးဆက်သစ်တွေကို ပံ့ပိုးပေးနေသူဖြစ်ကြောင်း စသည်ဖြင့် ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Soe Kyaw Sann's FB Acc
Photo Credit-Soe Kyaw Sann's FB Acc
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page

ဒါ့အပြင် ကိုစိုးကျော်ဆန်းက အိန္ဒြာကျော်ဇင်ကိုလည်း သူ့ရဲ့ညီမလေးတစ်ယောက်လို ခင်မင်ရတဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။ အနုပညာလောကထဲမှာ အတူလှုပ်ရှားရုန်းကန်ကြရင်းနဲ့ တစ်မအေတည်းမွေးတဲ့ မောင်နှမအရင်းတွေလို လက်သည်းဆိတ်ရင် လက်ထိပ်နာတတ်နေပြီဖြစ်တာကြောင့် အူဝဲတို့ဇနီးမောင်နှံကို အမြန်ဆုံးလွတ်မြောက်စေချင်ကြောင်း ပြောထားတာလည်း ဖြစ်ပါတယ် ။ "အချိန်တွေကြာလာတော့ ဘယ်တော့ပြန်လွတ်မြောက်လာမလဲ မျှော်ရင်းမျှော်ရင်း ရင်ဘတ်တွေနာလာတယ် သူ့မေမေဖြစ်တဲ့ အန်တီမာရဲ့ရင်ထဲ...သမီးလေးရဲ့ရင်ထဲကမေးခွန်းတွေ...သားကလေးရဲ့ နုနယ်လွန်းတဲ့အတွေးတွေကို ကျွန်တော်ဆက်မစဥ်းစားရဲဘူး..." ဆိုပြီး ရင်ဖွင့်လာတဲ့ ဒါရိုက်တာစိုးကျော်ဆန်းကတော့ အူဝဲတို့လွတ်ဖို့အတွက်သာ ဆုတောင်းပေးနေရတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Soe Kyaw Sann's FB Acc

Photo Credit-Soe Kyaw Sann's FB Acc
Photo Credit-Soe Kyaw Sann's FB Acc
Photo Credit-Soe Kyaw Sann's FB Acc
Photo Credit-Soe Kyaw Sann's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T