မကြာခင်မှာ ရင်သွေးလေး မွေးဖွားတော့မှာ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးရင်း သူတို့နှစ်ဦးရဲ့ မင်္ဂလာပုံရိပ်တွေကိုပါ ချပြလိုက်တဲ့ နက္ခတ်

//s9.kh1.co/0b/0bb1c6668c4abcca737a0b38f3081bf1b43e12f2.jpeg
အနုပညာရှင်များ

 ၀၅-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မနေ့ညက သရုပ်ဆောင် နက္ခတ်ရဲ့ လူမှုကွန်ယက်တွင် ဝမ်းသာစရာသတင်းလေးတစ်ခု ဝေမျှထားတာဖြစ်ပါတယ်။ဒါကတော့ မကြာခင်မှာ ရင်သွေးလေး မွေးဖွားတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးရင်း သူတို့နှစ်ဦးရဲ့မင်္ဂလာပုံရိပ်တွေကိုပါ ချပြလိုက်တာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ချစ်သူသက်တမ်း လေးနှစ်ကျော်လက်တွဲခဲ့ပြီးအကြာမှာ ပရိသတ်တွေကို အသိပေးပြောပြလာတာ ဖြစ်ပါတယ်။ နက္ခတ်ကလည်း သူတို့နှစ်ယောက်ရဲ့အကြောင်းလေးတွေကို အခုလို ရေးသားရှင်းပြထားတာ ဖြစ်ပါတယ်။

Photo Crd-Nat Khant’s Facebook Account 
Photo Crd-Nat Khant’s Facebook Account 
Photo Crd-Nat Khant’s Facebook Account 
Photo Crd-Nat Khant’s Facebook Account 
Photo Crd-Nat Khant’s Facebook Account 
Photo Crd-Nat Khant’s Facebook Account 

လွန်ခဲ့တဲ့ လေးနှစ်လောက်က သူ့ရဲ့ ကောင်မလေးနဲ့ ချစ်သူဖြစ်ပြီး မကြာခင်မှာ သူမကို စက္ကန့်ပိုင်းလေးတောင် မခွဲနိုင်ဘူးဆိုတဲ့ အသိကြောင့် ကောင်မလေးရဲ့ မိဘများဆီသို့ လူကြီးဆုံရာနဲ့ စေ့စပ်ကြောင်းလမ်းပြီး မင်္ဂလာဆွမ်းကျွေးလက်မှတ်ရေးထိုးခဲ့တာ ​ဖြစ်ပါတယ်။  နက္ခတ်ရဲ့ဇနီးနဲ့ သူမရဲ့ မိဘတွေကလည်း သူအနုပညာလောကမှာ နေရာလေးတစ်ခုရပြီး အောင်မြင်တဲ့အချိန်ရောက်မှ မင်္ဂလာဧည့်ခံပွဲပြုလုပ်ကြဖို့ သဘောတူပေးခဲ့တာ ဖြစ်ပါတယ်။  နက္ခတ်ရဲ့ ဇနီးဟာ တရားဝင်အကြင်လင်မယားဖြစ်ပြီးတာတောင် သူမရဲ့ခင်ပွန်းအလုပ်တွေ ထိခိုက်မှာစိုးတဲ့အတွက် ချစ်သူလို့သာ သုံးနှုန်းစေခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မေလလောက်တွင် မင်္ဂလာပွဲလုပ်ဖို့ စီစဉ်ခဲ့ကြပေမယ့် ကိုဗစ်ရောဂါ ပထမလှိုင်းကြောင့် ဘာပွဲမှ လုပ်ခွင့်မရသလို အနုပညာအလုပ်တွေလည်း လုံးဝရပ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးတွေကြောင့် အနုပညာအလုပ်တွေ ရပ်နားရစဉ်ကာလအတွင်းမှာလည်း အခြားအလုပ်တွေ ကြိုးစားရှာဖွေလုပ်ကိုင်ခဲ့ပေမယ့်လည်း အလုပ်မဖြစ်ခဲ့ပါဘူး။  ဒါ့အပြင် ၂၀၂၁ နှစ်အစပိုင်းက သူတွေ့ကြုံခဲ့ရတာတွေကိုလည်း စိတ်မကောင်းစွာနဲ့ ရေးသားဝေမျှထားပါသေးတယ်။

Photo Crd-Nat Khant’s Facebook Account 
Photo Crd-Nat Khant’s Facebook Account 
Photo Crd-Nat Khant’s Facebook Account&nbsp;<br>
Photo Crd-Nat Khant’s Facebook Account 
Photo Crd-Nat Khant’s Facebook Account&nbsp;
Photo Crd-Nat Khant’s Facebook Account 

" ကိုဗစ် တွေကြောင့် လူ ၃၀ လောက်နဲ့ မင်္ဂလာ ပွဲ ကျင်းပလို့ရတယ်ဆိုတော့ 2021 ဖေဖော်ဝါရီ လထဲမှာ သူမ  မွေးနေ့ ရှိတော့အဲ့လထဲက တစ်ရက်ရက်မှာ ပွဲစီစဉ်ကြမယ်ဆိုပြီး စိတ်ကူးခဲ့တဲ့ စိတ်ကူးကလည်းအကြောင်း ကြောင့်ဖြစ်မလာခဲ့ရပြန်ပါဘူး။2021  မှာ  ကျွန်တော်ဘဝ အတွက် အဆိုးဆုံး အရာကတော့မတ်  လ လောက်မှာ ကျွန်တော်အဖေ ဆေးရုံ တင်ရပြီး ရက်အနည်းငယ်အကြာမှာ  ကင်ဆာ နောက်ဆုံး အဆင့်နဲ့ကျွန်တော်တို့ကို ဘယ်နေ့ ခွဲသွားတော့ မလဲဆိုတဲ့အဖြစ်ဆိုးကြီး တစ်ခုပါပဲ။ ကျွန်တော်က အဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့နယ်ဘက်ကို ရောက်နေတော့လေးလပိုင်း ကုန်ခါနီး လောက်မှ  အဖေ့ ကို ဆေးရုံမှာ သေချာ ပြုစုစောင့်ရှောက်ခွင့်ရခဲ့တယ် ၅  လပိုင်း ၁၃ ရက်နေ့မှာတော့ ကျွန်တော်ရဲ့  အဖေ ကိုဆုံးရှုံးခဲ့ရတယ်။ အဓိ ကပြောချင်တာကတော့ကျွန်တော်မှာအများ မျက်စိဆံပင်မွှေး စူး လောက်တဲ့ အထိ ကြီးကျယ် မြင့်မြတ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ချမ်းသာမှုတွေလည်း မရှိပါဘူး။ ကြိုးစားနေ တဲ့လူတွေထဲက လူ တစ်ယောက်ပါပဲ  ကျွန်တော့်ပုံတွေအောက်မှာ ဆဲဆိုနေတဲ့ သူတွေကိုလည်း အမြဲမေတ္တာပို့ပေးပါတယ်ခင်ဗျာ။ ဒီအချိန်မှာ အားလုံးအတွက် သူရဲကောင်း မဖြစ်ချင်နေပါ ကျွန်တော့်ရဲ့ ကိုယ် ပိုင်ဘဝလေးမှာ ကျန်နေသေးတဲ့ အမေရယ်  ကျွန်တော်ဇနီး နဲ့ ကျွန်တော်အစ်မနဲ့ ညီမအတွက် မားမားမတ်မတ် ရပ်တည်နိုင်တဲ့သူ ဖြစ်ဖို့ အတွက်ကျွန်တော်ကြိုးစားနေ ဆဲ ပါ အခု ဒီ ပုံ လေးတွေဟာ  သူမဟာ ကျွန်တော့်ရဲ့ ချစ်သူ  မဟုတ်ဘဲ ကျွန်တော်ရဲ့ဇနီးဖြစ် ကြောင်း အသိပေးတဲ့ ပုံလေး တွေ ပါ ခင်ဗျာ မင်္ဂလာ ဧည့်ခံပွဲကျင်းပမည့် အချိန်ကျရင်လည်း အားလုံးကို ထပ်မံအသိပေးပါမ ယ် ခင် ဗျာ    ?နက္ခတ်+ ကလျာမိုး? " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သူ့ကိုချစ်ကြတဲ့ ပရိသတ်များနဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း နက္ခတ်နဲ့ ထပ်တူ  ဝမ်းသာကြည်နူးပေးကြတာ ဖြစ်ပါတယ်။  သရုပ်ဆောင် နက္ခတ်တစ်ယောက် သူချစ်ရတဲ့ ဇနီးနဲ့ အတူ သက်ဆုံးတိုင်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Nat Khant’s Facebook Account 

Photo Crd-Nat Khant’s Facebook Account&nbsp;
Photo Crd-Nat Khant’s Facebook Account 
Photo Crd-Nat Khant’s Facebook Account&nbsp;
Photo Crd-Nat Khant’s Facebook Account 
Photo Crd-Nat Khant’s Facebook Account&nbsp;
Photo Crd-Nat Khant’s Facebook Account 
Photo Crd-Nat Khant’s Facebook Account&nbsp;
Photo Crd-Nat Khant’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T