ကွယ်လွန်သွားရှာပြီဖြစ်တဲ့ရေမွန်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူရဲ့ပုံတူကို လည်သာအိတ်ပေါ်မှာ ခက်ခက်ခဲခဲနဲ့ထုဆစ်လိုက်တဲ့ ပရိသတ်တစ်ဦး

//s9.kh1.co/ed/edbfb8cc0b056562ee3b8783b7e3c8a74f2cd3ca.jpg
အနုပညာရှင်များ

 ၀၄-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ရေမွန်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူရဲ့ပုံတူကို လည်သာအိတ်ပေါ်မှာ ခက်ခက်ခဲခဲနဲ့ထုဆစ်လိုက်တဲ့ ပရိသတ်တစ်ဦး

စိတ်ထားကောင်းပြီး လူတိုင်းက ချစ်ခင်အောင်ပေါင်းသင်းပြောဆိုတတ်တဲ့ အဆိုတော်ရေမွန်တစ်ယောက် သူချစ်တဲ့ဂီတနဲ့ ပရိသတ်တွေကို ထာဝရခွဲခွာနှုတ်ဆက်သွားခဲ့ပါတယ်။ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုများစွာကိုရရှိခဲ့တဲ့ အဆိုတော်ရေမွန်ဟာ မင်းအတွက်မင်း၊ မင်းနဲ့နီးဖို့၊ တွေ့ရတာဝမ်းသာတယ်၊ဆုလာဘ်၊ စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့ စတဲ့ နာမည်ကြီးသီချင်းတွေကို သီဆိုခဲ့တာဖြစ်ပါတယ်။ ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ အဆိုတော်တစ်ယောက်အခုလိုဆုံးပါးသွားလို့ စိတ်မကောင်းဖြစ်နေကြပြီး ပရိသတ်တွေက ရေမွန်အတွက် အမှတ်တရတွေကို ဖန်တီးနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပရိသတ်တွေကတော့ ရေမွန်ကို အမြဲသတိရစေဖို့အတွက် Raymond Tree ကမ်ပိန်းလေးမှာ ပါဝင်ကြသလို ရေမွန်ရဲ့ပုံတွေကိုလည်း ခန္ဓာကိုယ်ပေါ်မှာ တက်တူရေးထိုးနေကြပါတယ်။ ယခုမှာတော့ ပရိသတ်တစ်ဦးဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ရေမွန်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူရဲ့ပုံတူကို လည်သာအိတ်ပေါ်မှာ ခက်ခက်ခဲခဲနဲ့ထုဆစ်လိုက်ပါတယ်။ အဆိုပါလည်သာအိတ်ကို စီးပွားရေးအရရောင်းချဖို့ပြုလုပ်တာမဟုတ်ဘဲ သူတတ်မြောက်တဲ့ပညာနဲ့ဂုဏ်ပြုခြင်းသာဖြစ်တဲ့အကြောင်း အဆိုပါပရိသတ်က ရှင်းပြထားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပရိသတ်တစ်ဦးကတော့ " ကိုရေမွန်အတွက် ရောင်းဖို့မဟုတ်ပါညီအကိုတို့ စီးပွားရေးအရပြုလုပ်ခြင်းမဟုတ်ပါဘူး မိမိတတ်သောပညာဖြင့်ဂုဏ်ပြုခြင်းသာဖြစ်ပါသည် July 4 ရက် 2021 ခုနှစ် နေ့တွင် ထုတ်လုပ်ပြီးခဲ့သည် Learher hand made myanmar yangoncow leather ပန်းပပု walletကိုရေမွန်ချစ်တဲ့သူအားလုံး share လို့ရပါတယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ပရိသတ်တစ်ဦးကိုယ်တိုင်ပြုလုပ်ထားပြီး အဆိုတော်ရေမွန်ရဲ့ပုံတူပါရှိတဲ့  လည်သာအိတ်လေးကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T