မေမေ့ဆီကအကျင့်ကောင်းတွေကိုအတုယူပြီး အငယ်လေးကိုဂရုတစိုက်ပြုစုပေးနေတဲ့ သားလေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/92/92f1fc8e84753dd46e62379b932a6a21dc8ec1d5.png
အနုပညာရှင်များ

 ၀၄-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ကလေးတစ်ယောက်အတွက် လက်ဦးဆရာဟာအရေးကြီးဆုံးပါပဲ။ ရင်ခွင်မဲ့ကလေးငယ်တွေကို မေတ္တာနဲ့ခေါ်ယူစောင့်ရှောက်ပြီး အေးချမ်းတဲ့အရိပ်အမြုံပေးသလို ချစ်ခြင်းမေတ္တာနဲ့ ပျိုးထောင်ပေးတဲ့ ခိုင်နှင်းဝေဟာ ဂေဟာက သားသမီးတွေကို ဂရုတစိုက်နဲ့ အရမ်းကိုချစ်ပေးခဲ့ပါတယ်။ သူမကိုယ်တိုင်က မေတ္တာတရားကြီးမားသူဖြစ်တာကြောင့် စောင့်ရှောက်ထားတဲ့ ကလေးငယ်တွေဟာ ဒီမေမေရဲ့ ဖြူစင်တဲ့မေတ္တာတရားကိုခံစားမိပြီး သူတို့ကိုယ်တိုင်လည်း မေတ္တာရဲ့အေးချမ်းတဲ့သဘောသဘာဝကို အတော်လေး နားလည်ခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

ဒီနေ့မှာလည်း ဂေဟာက ဘောစိလို့ချစ်စနိုးခေါ်တဲ့သားလေးကောင်းကင်မောင်ဟာ နို့စို့အရွယ်ကလေးလေးကို နို့ဗူးလေးတိုက်ပြီး ဖက်ကာ နမ်းကာနဲ့ အချစ်ပိုနေတဲ့ပုံလေးကို မေမေခိုင်နှင်းဝေက " ချစ်ရတဲ့ ကလေးတွေ..လိမ်မာပြီး အများအကျိုးသယ်ပိုးနိုင်တဲ့သူ ကိုယ်ချင်းစာတရားရှိတဲ့သူတွေ ဖြစ်ကြပါစေ ❤️❤️ " ဆိုပြီး ဝေမျှခဲ့ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ကလေးနှစ်ယောက်ရဲ့ အခိုက်အတန့်လေးတွေဟာ မြင်သူတိုင်းကို ကြည်နူးစေခဲ့တာတော့ အမှန်ပါပဲ။ မေတ္တာနဲ့ စောင့်ရှောက်ထားတဲ့နေရာဖြစ်တာကြောင့် မေတ္တာဓာတ်တွေက အစဉ်အမြဲလွှမ်းခြုံနေခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

အတူတူကြီးပျင်းလာတဲ့ ကလေးတွေမို့ အပြန်အလှန် သံယောဇဉ်လေးတွေနဲ့ အကြီးဖြစ်သူက အငယ်လေးတွေကို ပြန်ပြီးဂရုစိုက်ပေးတတ်ပါသေးတယ်။ ဒီလိုချစ်ဖို့ကောင်းတဲ့ ကလေးတွေကြောင့် မေမေခိုင်နှင်းဝေဟာ မောလို့မောမှန်းတောင်မသိရဘဲ ပီတိတွေနဲ့ ပျော်နေမယ်ဆိုတာ အသေအချာပါပဲ။ ချစ်စရာကလေးလေးတွေကို အကောင်းဆုံးဘဝတွေ ပိုင်ဆိုင်နိုင်အောင်ပျိုးထောင်ပေးပြီး အမူအကျင့်ကောင်းတွေ စိတ်နေစိတ်ထားကောင်းတွေ ဖြစ်အောင် ဆုံးမသွန်သင်ပေးတဲ့ မေမေခိုင်နှင်းဝေရဲ့ စေတနာနဲ့ မေတ္တာက တကယ်ကိုလေးစားထိုက်ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T