ဒလန်လို့စွပ်စွဲပြီး ခြိမ်းခြောက်စာသားတွေပို့ခံရတဲ့အပြင် ငွေပါညှစ်ခံနေရကြောင်း သက်သေတွေနဲ့တကွ ​ဖွင့်ဟ​​လိုက်တဲ့ သရုပ်ဆောင်လမင်းကဗျာ

//s9.kh1.co/52/52dea286ee8dfb645a5df4051c08553871ea6867.jpg
အနုပညာရှင်များ

 ၀၄-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဒလန်လို့စွပ်စွဲပြီး ခြိမ်းခြောက်စာသားတွေပို့ခံရတဲ့အပြင် ငွေပါညှစ်ခံနေရကြောင်း သက်သေတွေနဲ့တကွ ​ဖွင့်ဟ​​လိုက်တဲ့ သရုပ်ဆောင်လမင်းကဗျာ

အာဏာသိမ်းမှုဖြစ်ပွားအပြီး တိုင်းပြည်ရဲ့ စီးပွားရေး၊နိုင်ငံရေးအခြေအနေတွေ ဆိုးရွားလာမှုတွေနဲ့အတူ လူလိမ်တွေ၊သူခိုးတွေဟာလည်း အရင်ကထက် ပိုမိုများပြားလာနေခဲ့ပါတယ်။ပြည်သူတွေရဲ့ဘဝဟာ အေးချမ်းလုံခြုံမှုမရှိတော့ဘဲ ခိုးယူလုယက်ခံရတဲ့သတင်းတွေလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏတွေ့မြင်နေရပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေတွေ၊ကိုဗစ်တွေ​နဲ့ ခိုးယုလုယက်ခံရမှုတွေကြောင့် ပြည်သူတွေဟာ ကျီးလန့်စာ စားနေရတဲ့အဖြစ်ကို ရောက်ရှိနေခဲ့ပါတယ်။

Photo  credit: lamin kabyar ' s facebook acc

ယခုမှာတော့ သရုပ်ဆောင်လမင်းကဗျာတစ်ယောက် သူမကိုလူတစ်ယောက်က ခြိမ်းခြောက်စာတွေပို့နေ​ကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။ သူမကို ဒလန်လို့စွပ်စွဲပြီး ခြိမ်းခြောက်စာတွေပို့နေတဲ့အပြင် ငွေ(၃)သိန်းပါတောင်းနေတဲ့အကြောင်း သက်သေတွေနဲ့တကွ ဖွင့်ဟ​လာခဲ့တာဖြစ်ပါတယ်။ အဆိုပါခြိမ်းခြောက်စာတွေထဲမှာ သရုပ်ဆောင်လမင်းကဗျာရဲ့ဆိုင်ကို ဖျက်ဆီးပစ်မယ့်အကြောင်း၊ငွေမပို့ပေးရင်အလွတ်မပေးမယ့်အကြောင်း၊ မိသားစုဝင်တွေကိုလည်းသိရှိကြောင်း စတဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။

Photo  credit: lamin kabyar ' s facebook acc
Photo credit: lamin kabyar ' s facebook acc
Photo  credit: lamin kabyar ' s facebook acc
Photo credit: lamin kabyar ' s facebook acc
Photo  credit: lamin kabyar ' s facebook acc
Photo credit: lamin kabyar ' s facebook acc

ပရိသတ်တွေက သူမကိုသတိထားနေထိုင်ဖို့၊ဒီကိစ္စနဲ့ပတ်သက်ပြီးဂရုမစိုက်ဖို့ အားပေးစကားတွေပြောဆိုနေကြပါတယ်။ သူမကတော့ " နိုင်ငံရေးကမကောင်း ကိုဗစ်ကြောင့် လူတွေ စိတ်ညစ်နေရတဲ့အချိန်မှာ ဒလန်လို့စွပ်စွဲပြီး ခြိမ်းခြောက်စာပို့ ငွေညှစ်တဲ့ သူကရှိသေးတယ် ပိုက်ဆံ (၃)သိန်းကို waveနဲ့ပို့ပေးရမယ်တဲ့ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သရုပ်ဆောင်လမင်းကဗျာကို ခြိမ်းခြောက်ပြောဆိုပြီး ငွေညှစ်နေတဲ့ Screen Shotတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: lamin kabyar ' s facebook acc

Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T